လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်ကတော့ ဂီတလောကမှာတော့ အောင်မြင်မှုတွေ များစွာ ဆွတ်ခူးရရှိထား သူတစ်ဦးပါ။ ရဲရင့်အောင်ရဲ့ သီချင်းတွေကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်တော်လေး အောင်မြင်ပြီး ပေါက်ရောက်သလို ပရိသတ်တွေရဲ့ အကြိုက်နဲ့ တစ်ထပ်တည်းကျတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရဲရင့်အောင်က သူ့ရဲ့အချစ်ရေးကြောင့်သာမကပဲ သရုပ်ဆောင် ဧငြိမ်းဖြူနဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက် အားပေးခြင်းကို အများအပြားပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အယ်လ်ဘမ်သစ် “GOAT” ကို ထွက်ရှိပြီးတဲ့နောက်မှာ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်သာလုပ်ကိုင်နေတဲ့ ရဲရင့်အောင်က ဒီကနေ့မှာတော့ Covid ကာလအတွင်း အိမ်ထဲကအိမ်ပြင်မထွက်ရင်းနဲ့ကို ပေါင်ချိန် (၂၀) ထိ လျော့ကျသွားခဲ့တဲ့ သူ့ရဲ့အကြောင်းကို ပြောပြလာပါတယ်။ ရဲရင့်အောင်က “ပေါင် (၂၀) ကျသွားလို့ စိတ်မကောင်း (အရမ်း) ဖြစ်နေပါတယ်.. အဆင့်အတန်းမခွဲခြားရင် ဖိုက်တင်းလို့ြေ ပာသွားပေး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် MY Day ကနေ ပြောလာတာပဲ ဖြစ်ပါတယ်။

ရဲရင့်အောင်ကတော့ ခန္ဓာကိုယ်အလေးချိန်ကို ရည်ရွယ်ချက်ရှိရှိ လျော့ချတာမျိုးမရှိပဲ ပေါင် (၂၀) ထိ ဝိတ်ကျသွားခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ရဲရင့်အောင်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ ရဲရင့်အောင်ရဲ့ ကျန်းမာရေးနဲ့ ပက်သတ်ပြီး စိုးရိမ်နေကြမယ်ဆိုတာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yair Yint Aung’s fb
Credit – Cele Connections