


Credit

ပရိသတ်ကြီးရေ မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မိုးအောင်ရင်ပဲ ဖြစ်ပါတယ်။ သူကတော့ ကျရာဇာတ် ရုပ်တိုင်းလိုလိုကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပါ တယ်။

လက်ရှိအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိသေးဘဲ အိမ်မှာဘဲ အေးချမ်းစွာနေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင် Tik tok အကောင့်မှ တစ်ဆင့် သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကိုဝေမျှပေးနေ တာ ဖြစ်ပါတယ်။မကြာသေးခင်က မိုးအောင်ရင်ရဲ့ Tik tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ပေး ထားတာ ဖြစ်ပါတယ်။

ဒါကတော့ အခုချိန်ထိ ရည်းစားမထားရခြင်းရဲ့နောက်ကွယ်က အမှန်တရားတစ်ချို့ကို ဖွင့်ပြောပြလိုက်တဲ့ မိုးအောင်ရင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့အခန်းဖော်မှ မိန်းကလေးတွေ ခေါ်လာတာမကြိုက်တဲ့အတွက် ရည်းစားမထားရခြင်းဖြစ်ကြောင်းပြောနေရင်းနဲ့ မိန်းမဖြစ်သူမှ လှမ်းအော် လိုက်တာကြောင့် လန့်သွားခဲ့ရတာကို ဟာသအနေနဲ့ ရိုက်ကူးထားခြင်း ဖြစ်တာကြောင့် ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် အခုပဲ တင်ဆက်ပေးလိုက် ရပါတ ယ်နော်။

Credit