မဂၤလာပါ ပရိသတ္ႀကီးေရ.. အႏုပညာေလာကမွာေအာင္ျမင္မႈေတြ အထိုက္အေလၽွာက္ရရွိထားတဲ့ ေမာ္လ္ဒယ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ အိန္ဂ်ယ္လမုန္ ကေတာ့ လက္ရွိအေျခအေနေတြနဲ႔ပတ္သက္ၿပီး လႈပ္ရွားမႈေတြမွာ တက္ႂကြစြာပါဝင္ေနသူပဲ ျဖစ္ပါတယ္..။ လမ္းေပၚထြက္လူထုလႈပ္ရွားမႈေတြမွာ အမ်ားျပည္သူေတြနဲ႔အတူ အင္တိုက္အားတိုက္ပါဝင္ေနသလို တတ္နိုက္တဲ့ဘက္ေန လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ ျပဳလုပ္ေနကာ ျပည္သူေတြနဲ႔အတူတစ္သားတည္းရပ္တည္ေန တာလည္း ေတြ႕ရပါတယ္..။

အိန္ဂ်ယ္လမုန္ကေတာ့ မတ္လ(၂၄)ရက္ေန႔က ရန္ကုန္မွာေက်ာင္းသား(၇၀၀)ေက်ာ္ ျပန္လည္ လြတ္ေျမာက္လာခဲ့တဲ့အတြက္ အတိုင္းမသိဝမ္းသာရသလို မႏၲေလးက ဖမ္းဆီးခံထားရတဲ့ေက်ာင္းသားေတြလည္း အျမန္ဆုံးျပန္လည္လြတ္ေျမာက္ဖို႔အတြက္ SpeakOut လုပ္ေပးၾကဖို႔ တိုက္တြန္းလာပါတယ္..။ ရန္ကုန္ကေက်ာင္းသားေတြလြတ္ေျမာက္လာလို႔ မႏၲေလးက သူငယ္ခ်င္းေတြကိုလည္း သတိတရဖုန္းဆက္ၿပီး သတင္းေမးတဲ့ အခါ ေက်ာင္းသားေတြ မလြတ္ေသးတဲ့အေၾကာင္းေလးကိုၾကားသိရတဲ့အတြက္လည္း စိတ္မေကာင္းစြာနဲ႔ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ဖို႔ကို ဆုေတာင္းေပး ထားတာလည္း ေတြ႕ရပါတယ္..။

“ဒီေန႔ ရန္ကုန္က ၃ရက္ေန႔ကအဖမ္းခံထားရတဲ့ေက်ာင္းသားအေယာက္ ၇၀၀ ေက်ာ္ျပန္လြတ္ေပးတာ အတိုင္းမသိေပ်ာ္ရြင္ရတယ္ ♥️ ျပန္လြတ္လာတဲ့အထဲ သူငယ္ခ်င္းမိသားစုရဲ့ သက္ဆိုင္သူေတြလဲပါလာတာမို႔ တေန႔လုံး အိမ္မွာေနရင္း ဖုန္းေတြဆက္က် တာေပါ့… မန္းေလးကသူငယ္ခ်င္းကိုလဲ ခ်က္ခ်င္းသတိရပီး သတင္းလွမ္းေမးေတာ့ သူတို႔က မလြတ္ေသးဘူးတဲ့ 🥺 မန္းေလးက ေက်ာင္းသားေတြအတြက္လဲ ထပ္ပီး SpeakOut လုပ္ေပးၾကပါဦးေနာ္ 😔🙏🏻 ရက္ေပါင္း ၂၅ ေက်ာ္သြားပါပီ အားလုံးေဘးကင္းကင္းနဲ႔ အျမန္ဆုံးလြတ္ေျမာက္နိုင္ပါေစ ..🙏🏻..” ဆိုၿပီး အိန္ဂ်ယ္က ဆုေတာင္ းစကားေလး ဆိုရင္း ေျပာျပထားတာပါ..။

Source ; Angel Lamung’s Fb Acc
Credit…..

မင်္ဂလာပါ ပရိသတ်ကြီးရေ.. အနုပညာလောကမှာအောင်မြင်မှုတွေ အထိုက်အလျှောက်ရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချော အိန်ဂျယ်လမုန် ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေသူပဲ ဖြစ်ပါတယ်..။ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ အများပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသလို တတ်နိုက်တဲ့ဘက်နေ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက် ပြုလုပ်နေကာ ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်နေ တာလည်း တွေ့ရပါတယ်..။

အိန်ဂျယ်လမုန်ကတော့ မတ်လ(၂၄)ရက်နေ့က ရန်ကုန်မှာကျောင်းသား(၇၀၀)ကျော် ပြန်လည် လွတ်မြောက်လာခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာရသလို မန္တလေးက ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် SpeakOut လုပ်ပေးကြဖို့ တိုက်တွန်းလာပါတယ်..။ ရန်ကုန်ကကျောင်းသားတွေလွတ်မြောက်လာလို့ မန္တလေးက သူငယ်ချင်းတွေကိုလည်း သတိတရဖုန်းဆက်ပြီး သတင်းမေးတဲ့ အခါ ကျောင်းသားတွေ မလွတ်သေးတဲ့အကြောင်းလေးကိုကြားသိရတဲ့အတွက်လည်း စိတ်မကောင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ကို ဆုတောင်းပေး ထားတာလည်း တွေ့ရပါတယ်..။

“ဒီနေ့ ရန်ကုန်က ၃ရက်နေ့ကအဖမ်းခံထားရတဲ့ကျောင်းသားအယောက် ၇၀၀ ကျော်ပြန်လွတ်ပေးတာ အတိုင်းမသိပျော်ရွင်ရတယ် ♥️ ပြန်လွတ်လာတဲ့အထဲ သူငယ်ချင်းမိသားစုရဲ့ သက်ဆိုင်သူတွေလဲပါလာတာမို့ တနေ့လုံး အိမ်မှာနေရင်း ဖုန်းတွေဆက်ကျ တာပေါ့… မန်းလေးကသူငယ်ချင်းကိုလဲ ချက်ချင်းသတိရပီး သတင်းလှမ်းမေးတော့ သူတို့က မလွတ်သေးဘူးတဲ့ 🥺 မန်းလေးက ကျောင်းသားတွေအတွက်လဲ ထပ်ပီး SpeakOut လုပ်ပေးကြပါဦးနော် 😔🙏🏻 ရက်ပေါင်း ၂၅ ကျော်သွားပါပီ အားလုံးဘေးကင်းကင်းနဲ့ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ ..🙏🏻..” ဆိုပြီး အိန်ဂျယ်က ဆုတောင် းစကားလေး ဆိုရင်း ပြောပြထားတာပါ..။

Source ; Angel Lamung’s Fb Acc
Credit…..