ပရိသတ်ကြီးရေ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဇေသီဟကလည်း မြန်မာနိုင်ငံတွင် အချမ်းသာဆုံး သူဌေးစာရင်းဝင်တစ်ဦးပဲ ဖြစ်ပါတယ်နော်။ နန္ဒာလှိုင်ကိုယ်တိုင်ကလည်း အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလောက ကနေ ရာသက်ပန်စွန့်လွှတ်ပြီးစီးပွားရေးလောကထဲသို့ အခြေချခဲ့တာ ဖြစ်ပါတယ်နော်။ဦးဇေသီဟတို့ဇနီးမောင်နှံကအစပိုင်းမှာတော့ အဆဲခံခဲ့ရပြီး အခုနောက်ပိုင်းမှာတော့ သူတို့ရဲ့လုပ်ရက်တွေကိုပြန်လည်အားပေးလာခဲ့ကြပါ တယ်နော်။
ဇနီးကို ချစ်တတ်လွန်းတဲ့ ဇေသီဟက တစ်သက်လုံး ဘုန်းကြီးမဝတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားပါတယ်နော်။ “ နှစ်တိုင်း ရဟန်းခံပါတယ်။ ဝိနည်းနဲ့ မနေနိုင်ပဲ ရဟန်းခံတော့ အပြစ်တွေအများကြီး ရမှာပဲ။ သေချာပါတယ်ရခဲ့ပါတယ်။ သိမ်ဆင်းပြီး ၅ မိနစ်မပြည့်ခင်မှာထဲက ဝိနည်းအတိုင်း မဖြစ်တော့တာသိပါတယ်။ဒကာမနန္ဒာကိုနှုတ်ဆက်တယ်။ တွေ့တော့ ပြုံးမိတယ်။ အနည်းဆုံးတော့ စိတ်ကို ဘုန်းကြီးစိတ် အပြည့်မဖြစ်သေးဘူးလေ။ ဝိနည်းအတိုင်း မနေနိုင်ရင် ငါရဟန်းမခံသင့်ဘူးဆိုရင် ဒီဘဝရော နောက်ဘဝတွေပါ ရဟန်းခံ ဖြစ်တော့မယ် မထင်ပါ။
ပါရမီဆိုတာ တစ်စွန်းတစ်စ တစ်စက်မှ ရေအိုးကြီးကို ဖြည့်ရတာပါ။ရေစပ်ကတက်လာတာဖြစ်ရင် ရေစိုလာမှာပဲ။ ရေမစိုမှ ကုန်းပေါ်တက်မယ် တွေးရင် စိတ်ကူးရင်သက်သက်ပါပဲ။ ကုန်းပေါ်အရင်ရောက်ပြီးမှ ရေခြောက်အောင်လုပ်ရပါမယ်။ သတိထားဖို့က ကျွန်တော်တို့အားလုံး ရေထဲမှာပဲ ရှိနေပါသေးတယ်။ဝိနည်းအတိုင်း မနေခဲ့ဖူးဆိုရင်တောင် အလုပ်ကြမ်းတွေဖြစ်တဲ့ လမ်းခင်းတာ ဆေးသုတ်တာ တွေ လုပ်ပြီးကုသိုလ်ကောင်းမှု ရှာကြံလုပ်ခဲ့တာ အမြတ်ပါပဲ။ကုသိုလ်နဲ့ အကုသိုလ် ချိန်ခွင်တင်ရင် ကုသိုလ်အင်အား များနေဖို့ပဲလိုပါတယ်။ ပါရမီ မရင့် သန်သေးတော့ လုပ်နိုင်သလောက်လေးလုပ်တာကိုက အမြတ် မဟုတ်ပါလား။” လို့ရေးထားပါတယ် ပရိသတ်ကြီးရေ….
Credit
Credit