Source: Phway Phway ‘s fb
နိုင်ငံကျော် မင်းသမီးလေး ဖွေးဖွေးကတော့ အနုပညာသက်တမ်း (၁၃) နှစ်ကျော်မှာ ကောင်းသတင်းတွေနဲ့သာ ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ချပြနေတဲ့ ဖွေးဖွေးကတော့ သူမကိုယ်သူမ အမြဲတမ်းပြောင်းလဲနေထိုင်ပြီး အသစ်အဆန်းတွေကို အမြဲတစေ ချပြနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီတစ်ခါမှာလည်း ဖွေးဖွေးက ပရိသတ်တွေအတွက် ထူးခြားတဲ့ အရာလေးတစ်ခုကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ သူမရဲ့မေမေ ဒေါ်သိင်္ဂီစံထွား ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းပန်းချီ ဂျင်းအကျႌလေးနဲ့ ရိုက်ကူးရေးလုပ်နေပြီး “အ​မေ က ​ဖွေး ရိုက်ခဲ့သမျှ ပန်း နံမည် နဲ့ ရုပ်ရှင်​တွေ အတွက် Jean မှာ ပန်းချီ​ရေး​ပေးခဲ့တယ်။ မထွက်​သေးတဲ့ရုပ်ရှင်ထဲက ပန်း​တွေလဲပါတယ်ရှင့် ….🌼🏵🌸🌹💐🌻🌺 Btw Tmr X’mas မှာ အထူး အစီအစဉ်​လေးနဲ့ အတူ ပြန်လာပါမယ် ရှင့်! Peaceful X’mas Eve & May God Bless you all… Stay Tuned My Darlings & Oopsies! 👀😻💕💝” ဆိုကာ ရိုက်ကွင်းပေါ်က အမှတ်တရကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။
ဖွေးဖွေးကတော့ ဒီကနေ့ ခရစ္စမတ်နေ့မှာ အထူးအစီအစဉ်တစ်ခုနဲ့ ပြန်လာမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးပြောတဲ့ ခရစ္စမတ်အထူးအစီအစဉ်ဆိုတာ ဘာလဲ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phway Phway ‘s fb
Credit– Cele Connections