ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသားေခ်ာ ျမင့္ျမတ္ကေတာ့ ဗီဒီယိုဇာတ္ကားေတြမွာ စတင္သရုပ္ေဆာင္ခဲ့ရင္း အခုဆိုရင္ တစ္နိုင္ငံလံုး မခ်စ္တဲ့သူမရိွေလာက္ေအာင္ ေက်ာ္ၾကားတဲ့ နုိင္ငံေက်ာ္မင္းသားတစ္လက္ေတာင္ျဖစ္လို့ေနျပီပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က သူ့ရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္မွာ အကယ္ဒမီရရိွနိုင္တဲ့ ဇာတ္ကားေတြမ်ားစြာကို ရိုက္ကူးခဲ့ေပမယ့္ အကယ္ဒမီဆုၾကီး (၁) ဆုကိုသာ လက္ဝယ္ပိုင္ဆိုင္ထားနိုင္ေသးတာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ကေတာ့ အကယ္ဒမီဆုထက္ ပရိသတ္ေတြအတြက္ ရသေကာင္းတစ္ခုေပးစြမ္းနိုင္မယ့္ ရုပ္ရွင္ဇာတ္ကားေတြကိုသာ ရိုက္ကူးဖို့ ၾကိဳးစားေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

(၂၀၂၀) ခုနွစ္ တစ္နွစ္လံုးမွာ ရုပ္ရွင္ဇာတ္ကားရိုက္ကူးမႈေတြ ရပ္နားခဲ့ရတဲ့ ျမင့္ျမတ္က (၂၀၂၁) ခုနွစ္မွာေတာ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ သတင္းေကာင္းနဲ့တကြ ျပန္လာခဲ့ျပီပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က ဒါရိုက္တာ ကိုေဇာ္ (အရုဏ္ဦး) ရိုက္ကူးတင္ဆက္မယ့္ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ မင္းသမီးသစ္ ေနျခည္ဦးနဲ့ အတူတူတြဲဖက္သရုပ္ေဆာင္သြားမွာျဖစ္ျပီး (၂၀၂၁) ခုနွစ္ရဲ့ ပြဲဦးထြက္ရုပ္ရွင္ဇာတ္ကားၾကီးကို ရိုက္ကူးေတာ့မွာပဲ ျဖစ္ပါတယ္။

ျမင့္ျမတ္နဲ့ ေနျခည္ဦးတုိ့ကေတာ့ တြဲဖက္ အနုပညာလႈပ္ရွားမႈေတြမရိွခဲ့ပဲ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပထမဦးဆံုးအၾကိမ္ဆံုေတြ့ခြင့္ရမွာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ကလည္း ပရိသတ္ၾကိဳက္ျပီးသား ထိပ္တန္းမင္းသားတစ္လက္ျဖစ္သလုိ ေနျခည္ဦးကလည္း ပရိသတ္ေတြရဲ့ အာရံုစိုက္မႈကို အျပည့္အဝရရိွထားတဲ့ မင္းသမီးသစ္တစ္ေယာက္မို့ ဒီရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္တၾကီး ေစာင့္ဆိုင္းရမယ့္ ရုပ္ရွင္ကားတစ္ကားပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Minn Maung ‘s fb

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော မြင့်မြတ်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့ရင်း အခုဆိုရင် တစ်နိုင်ငံလုံး မချစ်တဲ့သူမရှိလောက်အောင် ကျော်ကြားတဲ့ နိုင်ငံကျော်မင်းသားတစ်လက်တောင်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ မြင့်မြတ်က သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီရရှိနိုင်တဲ့ ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပေမယ့် အကယ်ဒမီဆုကြီး (၁) ဆုကိုသာ လက်ဝယ်ပိုင်ဆိုင်ထားနိုင်သေးတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အကယ်ဒမီဆုထက် ပရိသတ်တွေအတွက် ရသကောင်းတစ်ခုပေးစွမ်းနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုသာ ရိုက်ကူးဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

(၂၀၂၀) ခုနှစ် တစ်နှစ်လုံးမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားခဲ့ရတဲ့ မြင့်မြတ်က (၂၀၂၁) ခုနှစ်မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သတင်းကောင်းနဲ့တကွ ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတင်ဆက်မယ့် “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီးသစ် နေခြည်ဦးနဲ့ အတူတူတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး (၂၀၂၁) ခုနှစ်ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

မြင့်မြတ်နဲ့ နေခြည်ဦးတို့ကတော့ တွဲဖက် အနုပညာလှုပ်ရှားမှုတွေမရှိခဲ့ပဲ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဦးဆုံးအကြိမ်ဆုံတွေ့ခွင့်ရမှာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကလည်း ပရိသတ်ကြိုက်ပြီးသား ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို နေခြည်ဦးကလည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးသစ်တစ်ယောက်မို့ ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ မျှော်လင့်တကြီး စောင့်ဆိုင်းရမယ့် ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Minn Maung ‘s fb