မင္းသားတစ္ေ ယာက္လည္းျဖစ္သလို ဒါရိုက္တာတစ္ေ ယာက္လည္းျဖစ္တဲ့ အကယ္ဒမီ လူမင္းကေတာ့ အနုပညာေလာကရဲ့ ေလးစားထိုက္သူ ဝါရင့္အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ စီနီယာအနု ပညာရွင္ေတြနဲ့လည္း အနုပညာလႈပ္ရွားမႈေ တြလုပ္ကိုင္သလို ဂ်ဴနီယာအနုပညာရွင္ေတြနဲ့လည္း ရႈတင္ေတြမ်ားစြာရိုက္ကူးရတဲ့ လူမင္းက ေရွ့မွီေနာက္မွီမင္းသားတစ္ေယာက္လုိ့ ဆိုရင္မွားနိုင္မယ္ မထင္ပါဘူး။ လူမင္းကလည္း လက္ရိွ အသက္ (၅၀) ေက်ာ္အရြယ္ကိုေရာက္ရိွေနျပီဆိုေပမယ့္ အနုပညာေလာကအေပၚ လႊမ္းမိုးမႈအရိွဆံုး မင္းသားတစ္လက္အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့လပိုင္းအတြင္းကမွ ေအာင္ဆန္းရုပ္ရွင္ ရုပ္ရွင္ဇာတ္ကားၾကီးကို ရိုက္ကူးျပီးစီးခဲ့တဲ့ လူမင္းက ကိုဗစ္ကာလအတြင္းမွာ အနုပညာလႈပ္ရွားမႈေတြကို ျဖည္းျဖည္းနဲ့ ပံုမွန္လုပ္ကိုင္ေပးေနလ်က္ရိွပါတယ္။ ဒီကေန့မွာလည္း လူမင္းက ျမန္မာနိုင္ငံရုပ္ရွင္အစည္းအရံုးအတြက္ ဂ်ဴနီယာမင္းသမီးေလးေတြျဖစ္တဲ့ အိေခ်ာပို၊ ေမျမင့္မိုရ္တို့နဲ့ အတူတူတြဲဖက္ျပီး ရႈတင္ေလးတစ္ခု ရိုက္ကူးခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

လူမင္းကေတာ့ ပရိသတ္ေတြအတြက္ အနုပညာရသေတြ ေပးစြမ္းနုိင္ဖို့ အျမဲတေစ ၾကိဳးစားေနသူတစ္ေယာက္ပါပဲ။ ပရိသတ္ၾကီးလည္း လူမင္း၊ အိေခ်ာပိုနဲ့ ေမျမင့္္မိုရ္တို့ရဲ့ ေၾကာ္ျငာေလး ထြက္ရိွလာရင္ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Myint Mo’s fb
Credit – Cele Connections

မင်းသားတစ်ေ ယာက်လည်းဖြစ်သလို ဒါရိုက်တာတစ်ေ ယာက်လည်းဖြစ်တဲ့ အကယ်ဒမီ လူမင်းကတော့ အနုပညာလောကရဲ့ လေးစားထိုက်သူ ဝါရင့်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စီနီယာအနု ပညာရှင်တွေနဲ့လည်း အနုပညာလှုပ်ရှားမှုေ တွလုပ်ကိုင်သလို ဂျူနီယာအနုပညာရှင်တွေနဲ့လည်း ရှုတင်တွေများစွာရိုက်ကူးရတဲ့ လူမင်းက ရှေ့မှီနောက်မှီမင်းသားတစ်ယောက်လို့ ဆိုရင်မှားနိုင်မယ် မထင်ပါဘူး။ လူမင်းကလည်း လက်ရှိ အသက် (၅၀) ကျော်အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အနုပညာလောကအပေါ် လွှမ်းမိုးမှုအရှိဆုံး မင်းသားတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကမှ အောင်ဆန်းရုပ်ရှင် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးခဲ့တဲ့ လူမင်းက ကိုဗစ်ကာလအတွင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်ပေးနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း လူမင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် ဂျူနီယာမင်းသမီးလေးတွေဖြစ်တဲ့ အိချောပို၊ မေမြင့်မိုရ်တို့နဲ့ အတူတူတွဲဖက်ပြီး ရှုတင်လေးတစ်ခု ရိုက်ကူးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

လူမင်းကတော့ ပရိသတ်တွေအတွက် အနုပညာရသတွေ ပေးစွမ်းနိုင်ဖို့ အမြဲတစေ ကြိုးစားနေသူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း လူမင်း၊ အိချောပိုနဲ့ မေမြင့််မိုရ်တို့ရဲ့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Myint Mo’s fb
Credit – Cele Connections