အြန္လိုင္းဆယ္လီတစ္ေယာက္ျဖစ္တဲ့ ေနဆန္းကေတာ့ သူ့ရဲ့ဟာသဗီဒီယိုေလးေတြနဲ့ ဘဝသရုပ္ေဖာ္ ဗီဒီယိုေလးေတြေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွထားသူတစ္ေယာက္ပါ။ ေအာင္ျမင္လာတာနဲ့အမွ် ေၾကာ္ျငာေလးေတြကို လက္ခံရိုက္ကူးလာရျပီး ပိုက္ဆံေတြလည္း ရွာနိုင္လာတဲ့ ေနဆန္းက သူရွာေဖြရရိွသမွ် ပိုက္ဆံေတြကို မိဘေတြအတြက္ လိုေလေသးမရိွဂရုစိုက္သလို အလွဴအတန္းေတြကိုလည္း အျမဲမျပတ္ျပဳလုပ္သူ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေနဆန္းက သမာအာဇီဝက်က်ရွာေဖြထားတဲ့ ေခြ်းနည္းစာေလးနဲ့ ေဆြမ်ိဳးနွစ္ေယာက္ကို ရွင္သာမေဏအျဖစ္ သြတ္သြင္းကုသိုလ္ယူခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

ေနဆန္းက “ဒီယေန႔ ကိုယ့္ရဲ႕ေခြၽးနည္းစာေလးနဲ႔ အလႉေလးတစ္ခုျပဳလုပ္ျဖစ္ခဲ့ပါတယ္။ ကိုယ့္ရဲ႕ေဆြမ်ိဳးေတြကို ဥပသပၸဒကံေဆာင္ရဟန္းေဘာင္သို႔ ၂ ပါး ရွင္သာမေဏအျဖစ္ ၂ ပါး တို႔ကို ျမတ္ဗုဒၶရဲ႕သာသ‌နာေတာ္ကို သြတ္သြင္းလႉဒါန္းခဲ့ပါတယ္ အခုလိုလႉဒါန္းႏိုင္ေအာင္ အားေပးခဲ့ၾကေသာ ေက်းဇူးရွင္ ပရိတ္သတ္တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီကို ေက်းဇူးအထူးတင္ပါတယ္ေနာ္🙏🙏🙏🙏 ကုသိုလ္ေကာင္းမႈအစုစုတို႔ကိုလည္း အညီအမွ်ေပးေဝပါတယ္ ေနာ္ 🙏🙏🙏” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ေနဆန္းကေတာ့ သူကိုယ္တုိင္ သမာအာဇီဝက်က်ရွာေဖြထားတဲ့ ေငြေၾကးေလးေတြနဲ့ ဆြမ်ိဳးနွစ္ေယာက္ကို ရွင္သာမေဏအျဖစ္ သြတ္သြင္းကုသိုလ္ယူခဲ့ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနဆန္းရဲ့ ကုသိုလ္ေလးကို သာဓုေခၚဆိုဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Sann ‘s fb
Credit – Cele Connections

အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ သူ့ရဲ့ဟာသဗီဒီယိုလေးတွေနဲ့ ဘဝသရုပ်ဖော် ဗီဒီယိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ပါ။ အောင်မြင်လာတာနဲ့အမျှ ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးလာရပြီး ပိုက်ဆံတွေလည်း ရှာနိုင်လာတဲ့ နေဆန်းက သူရှာဖွေရရှိသမျှ ပိုက်ဆံတွေကို မိဘတွေအတွက် လိုလေသေးမရှိဂရုစိုက်သလို အလှူအတန်းတွေကိုလည်း အမြဲမပြတ်ပြုလုပ်သူ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေဆန်းက သမာအာဇီဝကျကျရှာဖွေထားတဲ့ ချွေးနည်းစာလေးနဲ့ ဆွေမျိုးနှစ်ယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

နေဆန်းက “ဒီယနေ့ ကိုယ့်ရဲ့ချွေးနည်းစာလေးနဲ့ အလှူလေးတစ်ခုပြုလုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ဆွေမျိုးတွေကို ဥပသပ္ပဒကံဆောင်ရဟန်းဘောင်သို့ ၂ ပါး ရှင်သာမဏေအဖြစ် ၂ ပါး တို့ကို မြတ်ဗုဒ္ဓရဲ့သာသ‌နာတော်ကို သွတ်သွင်းလှူဒါန်းခဲ့ပါတယ် အခုလိုလှူဒါန်းနိုင်အောင် အားပေးခဲ့ကြသော ကျေးဇူးရှင် ပရိတ်သတ်တစ်ဦးချင်းတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်နော်🙏🙏🙏🙏 ကုသိုလ်ကောင်းမှုအစုစုတို့ကိုလည်း အညီအမျှပေးဝေပါတယ် နော် 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

နေဆန်းကတော့ သူကိုယ်တိုင် သမာအာဇီဝကျကျရှာဖွေထားတဲ့ ငွေကြေးလေးတွေနဲ့ ဆွမျိုးနှစ်ယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Sann ‘s fb
Credit – Cele Connections