ချစ်စရာကောင်းသလို သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ ဖြူဖြူထွေးကတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့ရာမှ အခုဆိုရင် အွန်လိုင်းဆယ် လီတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ အွန်လိုင်းကနေ ကြော်ငြာတွေကို ရိုက်ကူးပေးနေတဲ့အပြင် ရုပ်ရှင်ဇာတ် ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ ဖြူဖြူထွေးက သူမတတ်နိုင်သလောက် အလှူအတန်းေ တွကိုလည်း ပြုလုပ်ရင်း နေ့ရက်တိုင်းကို ကုသိုလ်တွေနဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံကျော် ဇာတ်ပို့သရု ပ်ဆောင်တွေကို ခေါ်ယူပြီး ကြော်ငြာတွေ ရိုက်ကူးနေတဲ့ ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးပြီး ချိန်တိုင်းမှာ ဇာတ်ပို့သရုပ်ဆောင်တွေကို ကန်တော့နေကျပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖြူဖြူထွေးက ရှုတင်အပြီး ကန်တော့နေရင်းနဲ့ တစ်ယောက်တစ်မျိုး အဆင်မပြေမှုတွေကို ဖွင့်ဟလာတဲ့ ဇာတ်ပို့သရုပ်ဆော င်တွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ ရတဲ့အကြောင်းကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။

ဖြူဖြူထွေးကတော့ စားဝတ်နေရေးကြ ပ်တည်းနေကြတဲ့ ဇာတ်ပို့သရုပ်ဆောင် ကြီးတွေကို တတ်နိုင်သလောက်ကူညီရင်း သူမရဲ့ ကြော်ငြာတွေမှာ ထည့်သွင်း အသုံးပြုနေတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးတစ်ယောက် ဒီထက်မက ခက်ခဲနေသူတွေကို ကူညီဖေးမပေး နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe ‘s fb
Credit – Cele Connections