


Credit – Cele Zone
Photo – Haw

ဒါရိုက်တာဏကြီးနဲ့အတူအေးချမ်းတဲ့ နှစ်ယောက်ကမ္ဘာလေးကိုတည်ဆောက်ထားနိုင်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ သူမရဲ့အနုပညာကို အမြဲတမ်းအဆင့်မြင့်အောင်ကြိုးစားနေခဲ့သူတစ်ယောက်ပါ။ နဂိုပုံစံလေးကချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လိုဖြစ်ပေမယ့် ရိုက်ကွင်းပေါ်မှာတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်ဖန်တီးရတဲ့ အနုပညာသမားဖြစ်တာမို့ ခင်ပွန်းဖြစ်သူနဲ့ အတူတူအလုပ် တွေလုပ်ကြတဲ့အခါ အရမ်းကိုအတွဲညီပြီး ပရိသတ်တွေရဲ့ရင်ထဲကို တိုက်ရိုက်ထိမှန်စေတဲ့ ဇာတ်ကားကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။

အကယ်ဒမီဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခြင်အားပေးမှုကို အပြည့်အဝရထားတဲ့ချစ်စရာမင်းသမီး ချောလေးပါပဲ။ သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အကြောင်းအရာလေးတွေကိုလည်း ချစ်ဖို့ကောင်းအောင်ရေးသားပြီး လူမှုကွန်ရက်မှာ မကြာခဏဆိုသလိုဝေမျှတတ်ပါသေးတယ်။

မိသားစုရဲ့အားကိုးရတဲ့သမီးလေးဖြစ်သလို ညီမလေးဥဥအတွက်လည်း ရှေ့ဆောင်လမ်းပြကောင်းတဲ့ အမတစ်ယောက်ဖြစ်ခဲ့ပါ တယ်။ ဒီနေ့မှာတော့ အနီရောင်ဝတ်စုံလေးကို ဆင်မြန်းထားပြီး ကြည့်မဝနိုင်အောင်လှလွန်းတဲ့ သုသုရဲ့ရင်ခုန်ချင်စရာ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Haw