ကိုဗစ်ရောဂါကူးစက်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုများပြားလာတဲ့ အခြေအနေတွေမှာ အောက်ဆီဂျင်မလုံလောက်တွေလည်း ကြုံတွေ့နေပြီး သေဆုံးသူတွေလည်း များပြားလျက်ရှိပါတယ် ။ ရောဂါကူးစက်ခံရရင် စိတ်ဓာတ်ကျစရာမလိုဘဲ သေသေချာချာ အစားအာယာရပြည့်ဝတာတွေ စားသောက်ပြီး ဂရုစိုက်နေထိုင်ပါက ပျောက် ကင်းနိုင်မှာ အသေ ချာပါပဲ ။

ဒီလို ကိုဗစ်ကူးစက်ခံရရင် အားမလျော့ဘဲ လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေကို ကိုယ်တိုင် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ပျောက်ကင်းခဲ့တဲ့ အဆိုတော် Benjamin က ခုလို ရေးသားဝေမျှလာပါတယ် ။ ” covid-19 ဖြစ်ပြီဆို တော်တော်များများကကြောက်ပြီး စိတ်ဓါတ်ကျလာတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြောက်ခဲ့ပါတယ် စိတ်ကျခြင်းက ရောဂါကို ပိုဆိုးစေတာကြောင့် အဓိက စိတ်မကျဖို့လိုပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် လက္ခဏာပြတာမတူတာရယ် ကျွန်တော်ကိုယ်တိုင် ဆေးလောကနယ်ပယ်ကမဟုတ် တဲ့အတွက် ဆေးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးပေးပါဗျာ။ ကျွန်တော်ဖြစ်ခဲ့စဉ်က လုပ်ခဲ့တာလေးတွေကိုသာကျွန်တော် ပြန်လည်ဝေမျှတာ ဖြစ်ပါတယ် ခင်ဗျာ “

” – Vitamin C ၊ Zinc ၊ D3 တွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်ပါတယ်ဗျ။ကိုယ့်ရဲ့အခြေအနေအရ တခြားဆေးတွေလည်းသောက်ပါတယ်ခင်ဗျ။ ကြောက်လန့်ပြီး ဆေးကိုလိုတာထက်အလွန်အကျွံမသောက်မိဖို့တော့လိုပါတယ်။ – အဖျားတစ်နေ့ (၃)ခါတိုင်းပါတယ်၊ oxygen level နဲ့ သွေးပေါင်တစ်နေ့ (၂) ခါတိုင်းပါတယ်။ ရေနွေးငွေ့ကို အနည်းဆုံး တစ်နေ့သုံးကြိမ်ရှူပါတယ် (တကယ်အလုပ်ဖြစ်ပါတယ်ခင်ဗျ)။ အိပ်ရာနိုးတိုင်း ရေနွေးနဲ့ ဆားအရောကို အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပါတယ် ။ – ဟင်းရည် or soup ပူပူတွေ သောက်ပါတယ်။ထမင်းစားခါနီးလည်း အစာကို ပူအောင်ပြန်လုပ်ပြီးမှ စားပါတယ်။ ရေခဲရေကိုလုံးဝရှောင်ထားပြီး ပုံမှန် room temperature ရေ နဲ့ရေနွေးကိုအမြဲသောက် ပါတယ်ဗျ။ – အများကြီ းအိပ်ပါ။

ညဘက်တွေကောင်းစွာ အိပ်စက်အနားယူဖို့လိုပါတယ် ၊ စိတ်ဖိစီးမှုများနေတဲ့ ကာလဖြစ်ပေမဲ့ အတတ်နိုင်ဆုံး စ်ိတ်ကိုလျော့ချပြီး ပျော်အောင်နေရင်း ကောင်းစွာအိပ်စက်အနားယူပါ ။ ကိုယ်ခံအားနဲ့ပဲပြန်တိုက်ရတဲ့ virusဖြစ်တဲ့အတွက်ကြောင့် ကိုယ်ခံအာ းကောင်းဖို့ အားရှိစေတဲ့အစားအသောက်တွေ စားဖို့လိုပါတယ်ခင်ဗျ။ မျှော်လင့်ချက်ကိုလက်မလွှတ်ဘဲ ကိုယ်ယုံကြည်ရာ ဘာသာရေးကိုအားစိုက်လုပ်ပြီး ကိုယ်ခံအားကောင်းအောင်သာ အဓိကနေထိုင်စားသောက်ရင်း အားတင်းထား ကြမယ် ခင်ဗျာ ။ you can do it. God Bless You ” ဆိုပြီး စုံစုံလင်လင် ရေးသားဝေမျှ ထားရာ ပရိသတ်ကြီးလည်း အကျိုးရှိစေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Benjamin Sum

ကိုဗစ္ေရာဂါကူးစက္မႈေတြ တစ္ေန႔ထက္တစ္ေန႔ ပိုပိုမ်ားျပားလာတဲ့ အေျခအေနေတြမွာ ေအာက္ဆီဂ်င္မလုံေလာက္ေတြလည္း ၾကဳံေတြ႕ေနၿပီး ေသဆုံးသူေတြလည္း မ်ားျပားလ်က္ရွိပါတယ္ ။ ေရာဂါကူးစက္ခံရရင္ စိတ္ဓာတ္က်စရာမလိုဘဲ ေသေသခ်ာခ်ာ အစားအာယာရျပည့္ဝတာေတြ စားေသာက္ၿပီး ဂ႐ုစိုက္ေနထိုင္ပါက ေပ်ာက္ကင္းနိုင္မွာ အေသ ခ်ာပါပဲ ။

ဒီလို ကိုဗစ္ကူးစက္ခံရရင္ အားမေလ်ာ့ဘဲ လုပ္ေဆာင္သင့္တဲ့ အခ်က္အလက္ေတြကို ကိုယ္တိုင္ ကိုဗစ္ေရာဂါ ကူးစက္ခံခဲ့ရၿပီး ေပ်ာက္ကင္းခဲ့တဲ့ အဆိုေတာ္ Benjamin က ခုလို ေရးသားေဝမၽွလာပါတယ္ ။ ” covid-19 ျဖစ္ၿပီဆို ေတာ္ေတာ္မ်ားမ်ားကေၾကာက္ၿပီး စိတ္ဓါတ္က်လာတာပါ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း ေၾကာက္ခဲ့ပါတယ္ စိတ္က်ျခင္းက ေရာဂါကို ပိုဆိုးေစတာေၾကာင့္ အဓိက စိတ္မက်ဖို႔လိုပါတယ္ ။ တစ္ေယာက္နဲ႔တစ္ေယာက္ လကၡဏာျပတာမတူတာရယ္ ကၽြန္ေတာ္ကိုယ္တိုင္ ေဆးေလာကနယ္ပယ္ကမဟုတ္ တဲ့အတြက္ ေဆးေတြကိုေတာ့ ဆရာဝန္ ညႊန္ၾကားခ်က္အတိုင္း ေသာက္သုံးေပးပါဗ်ာ။ ကၽြန္ေတာ္ျဖစ္ခဲ့စဥ္က လုပ္ခဲ့တာေလးေတြကိုသာကၽြန္ေတာ္ ျပန္လည္ေဝမၽွတာ ျဖစ္ပါတယ္ ခင္ဗ်ာ “

” – Vitamin C ၊ Zinc ၊ D3 ေတြကိုဆရာဝန္ညႊန္ၾကားခ်က္အတိုင္း ပုံမွန္ေသာက္ပါတယ္ဗ်။ကိုယ့္ရဲ့အေျခအေနအရ တျခားေဆးေတြလည္းေသာက္ပါတယ္ခင္ဗ်။ ေၾကာက္လန႔္ၿပီး ေဆးကိုလိုတာထက္အလြန္အကၽြံမေသာက္မိဖို႔ေတာ့လိုပါတယ္။ – အဖ်ားတစ္ေန႔ (၃)ခါတိုင္းပါတယ္၊ oxygen level နဲ႔ ေသြးေပါင္တစ္ေန႔ (၂) ခါတိုင္းပါတယ္။ ေရေႏြးေငြ႕ကို အနည္းဆုံး တစ္ေန႔သုံးႀကိမ္ရႉပါတယ္ (တကယ္အလုပ္ျဖစ္ပါတယ္ခင္ဗ်)။ အိပ္ရာနိုးတိုင္း ေရေႏြးနဲ႔ ဆားအေရာကို အာေခါင္ထိေရာက္ေအာင္ ပလုတ္က်င္းပါတယ္ ။ – ဟင္းရည္ or soup ပူပူေတြ ေသာက္ပါတယ္။ထမင္းစားခါနီးလည္း အစာကို ပူေအာင္ျပန္လုပ္ၿပီးမွ စားပါတယ္။ ေရခဲေရကိုလုံးဝေရွာင္ထားၿပီး ပုံမွန္ room temperature ေရ နဲ႔ေရေႏြးကိုအျမဲေသာက္ပါတယ္ဗ်။ – အမ်ားႀကီ းအိပ္ပါ။

ညဘက္ေတြေကာင္းစြာ အိပ္စက္အနားယူဖို႔လိုပါတယ္ ၊ စိတ္ဖိစီးမႈမ်ားေနတဲ့ ကာလျဖစ္ေပမဲ့ အတတ္နိုင္ဆုံး စ္ိတ္ကိုေလ်ာ့ခ်ၿပီး ေပ်ာ္ေအာင္ေနရင္း ေကာင္းစြာအိပ္စက္အနားယူပါ ။ ကိုယ္ခံအားနဲ႔ပဲျပန္တိုက္ရတဲ့ virusျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ္ခံအာ းေကာင္းဖို႔ အားရွိေစတဲ့အစားအေသာက္ေတြ စားဖို႔လိုပါတယ္ခင္ဗ်။ ေမၽွာ္လင့္ခ်က္ကိုလက္မလႊတ္ဘဲ ကိုယ္ယုံၾကည္ရာ ဘာသာေရးကိုအားစိုက္လုပ္ၿပီး ကိုယ္ခံအားေကာင္းေအာင္သာ အဓိကေနထိုင္စားေသာက္ရင္း အားတင္းထားၾကမယ္ ခင္ဗ်ာ ။ you can do it. God Bless You ” ဆိုၿပီး စုံစုံလင္လင္ ေရးသားေဝမၽွ ထားရာ ပရိသတ္ႀကီးလည္း အက်ိဳးရွိေစရန္ ျပန္လည္ ေဖာ္ျပေပး လိုက္ပါတယ္ ။

Credit – Cele Zone

Photo – Benjamin Sum