ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူနာတွေရှိနေခဲ့ပါတယ်။ ကိုဗစ်ကူးစက်ခံထားရတဲ့ အရေအတွက်ကလည်း တဖြည်းဖြည်း များပြားလာနေခဲ့သလို သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေလည်းရှိနေခဲ့ပါတယ်။ပြည်သူတွေကတော့ သွားလာစရာကိစ္စရှိရင် Maskတပ်ပြီး သတိထားသွားလာကြဖို့နဲ့ ရောဂါအခံရှိတဲ့လူတွေ ပိုမိုသတိထားကြဖို့ အချင်းချင်းတိုက်တွန်း နှိုးဆော်နေကြပါ တယ်။

တစ်ချို့ နယ်မြို့တွေမှာဆိုရင် ရောဂါတွေ ပိုမိုအလျင်အမြန်ကူးစက်နေတာကြောင့် အပြင်မထွက်ရ အမိန့်တွေ တောင် ချမှတ်ထားတယ်လို့သိရပါတယ် ။ ခုတတိယလှိုင်း ကိုဗစ်က ပိုမိုပြင်းထန်တာကြောင့် သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေ အထူး ဂရုစိုက်သင့်တာ အမှန်ပါပဲ ။ ခုဆိုရင် အနုပညာရှင်တွေများစွာကလည်း ဒီရောဂါဆိုးကြီးကို ကာကွယ်နိုင်ဖို့ အသိပေး စာတွေ လိုက်နာရမယ့် အချက်တွေကို ဝေမျှသတိပေးနေတာတွေ့ရပ ါတယ် ။

အခုလည်း နန်းခင်ဇေယျာက သူရဲ့ စာမျက်နှာထက်ကနေ ကိုဗစ်ရောဂါ မကူးစက်အောင် အရေးကြီး လိုက်နာသင့်တဲ့ အရာတွေကို ခုလိုရေးသားဖော်ပြလာပါတယ် ။ ” COVID-19 က နန်းခင်တို့ရဲ့ အနီးဆုံးမှာ တစ်ကြော့ပြန် ပြန်ရောက်လာတာဖြစ်လို့ အားလုံး အထူးဂရုစိုက်ကြပါနော်။ မိမိကိုယ်တိုင် ဂရုစိုက်ရမယ့်ကာလဖြစ်တာကြောင့် သတိမလျော့မပေါ့ဆဘဲ လက်ဆေးကြပါ။ Mask တပ်ပါ။ ကျန်းမာအောင်နေပါ။ အာဟာရပြည့်၀စွာစားပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ဗဟုသုတ ရစေရန် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ် ။

Yuan – Cele Zone
Photo – Nang Khin Zay Yar

ယခုရက္ပိုင္းအတြင္း ျမန္မာနိုင္ငံရဲ့ ေနရာအႏွံ့အျပားမွာ ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့ လူနာေတြရွိေနခဲ့ပါတယ္။ ကိုဗစ္ကူးစက္ခံထားရတဲ့ အေရအတြက္ကလည္း တျဖည္းျဖည္း မ်ားျပားလာေနခဲ့သလို ေသဆုံးသြားတဲ့ ကိုဗစ္လူနာေတြလည္းရွိေနခဲ့ပါတယ္။ျပည္သူေတြကေတာ့ သြားလာစရာကိစၥရွိရင္ Maskတပ္ၿပီး သတိထားသြားလာၾကဖို႔နဲ႔ ေရာဂါအခံရွိတဲ့လူေတြ ပိုမိုသတိထားၾကဖို႔ အခ်င္းခ်င္းတိုက္တြန္း ႏွိုးေဆာ္ေနၾကပါ တယ္။

တစ္ခ်ိဳ႕ နယ္ၿမိဳ႕ေတြမွာဆိုရင္ ေရာဂါေတြ ပိုမိုအလ်င္အျမန္ကူးစက္ေနတာေၾကာင့္ အျပင္မထြက္ရ အမိန႔္ေတြ ေတာင္ ခ်မွတ္ထားတယ္လို႔သိရပါတယ္ ။ ခုတတိယလွိုင္း ကိုဗစ္က ပိုမိုျပင္းထန္တာေၾကာင့္ သက္ႀကီးရြယ္အိုေတြ နဲ႔ ကေလးငယ္ေတြ အထူး ဂ႐ုစိုက္သင့္တာ အမွန္ပါပဲ ။ ခုဆိုရင္ အႏုပညာရွင္ေတြမ်ားစြာကလည္း ဒီေရာဂါဆိုးႀကီးကို ကာကြယ္နိုင္ဖို႔ အသိေပး စာေတြ လိုက္နာရမယ့္ အခ်က္ေတြကို ေဝမၽွသတိေပးေနတာေတြ႕ရပ ါတယ္ ။

အခုလည္း နန္းခင္ေဇယ်ာက သူရဲ့ စာမ်က္ႏွာထက္ကေန ကိုဗစ္ေရာဂါ မကူးစက္ေအာင္ အေရးႀကီး လိုက္နာသင့္တဲ့ အရာေတြကို ခုလိုေရးသားေဖာ္ျပလာပါတယ္ ။ ” COVID-19 က နန္းခင္တို႔ရဲ့ အနီးဆုံးမွာ တစ္ေၾကာ့ျပန္ ျပန္ေရာက္လာတာျဖစ္လို႔ အားလုံး အထူးဂ႐ုစိုက္ၾကပါေနာ္။ မိမိကိုယ္တိုင္ ဂ႐ုစိုက္ရမယ့္ကာလျဖစ္တာေၾကာင့္ သတိမေလ်ာ့မေပါ့ဆဘဲ လက္ေဆးၾကပါ။ Mask တပ္ပါ။ က်န္းမာေအာင္ေနပါ။ အာဟာရျပည့္၀စြာစားပါ။ ကိုယ္လက္ေလ့က်င့္ခန္း ပုံမွန္ျပဳလုပ္ေပးပါ။” ဆိုၿပီး ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း ဗဟုသုတ ရေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါ တယ္ ။

Yuan – Cele Zone
Photo – Nang Khin Zay Yar