လက်သုံးချောင်း သင်္ကေတက ဘာလဲ” “ဘာကို ဆိုလိုတာလဲ” တဲ့ ညာဘက် လက်လက်သုံးချောင်းထောင်ပြီး လက်သန်းနဲ့လက်မကို ဖိကပ်ထားရတဲ့ လက်သင်္ကေတဟာ ကင်းထောက်ဘဝရဲ့အမွန်အမြတ်တစ်ခုလိုပါပဲ။

ဒီသင်္ကေတဟာ ကင်းထောက် ကတိသုံးပါးကို ကိုယ်စားပြုတဲ့ သင်္ကေတလည်း ဖြစ်သလို ဆာဘီးယားလူမျိုးတွေ ရဲ့ နှုတ်ဆက်တဲ့ သ င်္ကေတလည်း ဖြစ်ပါသတဲ့။ဒါ့အပြင်လက်သုံးချောင်းသင်္ကေတဟာအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သင်္ကေတလည်း ဖြစ်လာ ခဲ့ပါတယ်။

အစပြုရာကတော့ Hunger Games ဆိုတဲ့ ရုပ်ရှင်ကားပါ။ အမေရိကန်စာရေးဆရာမ Suzanne Collinsရဲ့ နာမည်ကျော် Hunger Games စာအုပ်ကို၂၀၁၂ခုနှစ်မှာ ဒါရိုက်တာ Gary Ross က ပြန်လည်ရိုက်ကူးခဲ့ပါတယ်။Photo : AFP

ဒီရုပ်ရှင်ကားမှာ ခရိုင်၁၂ခုက ပြည်သူတွေဟာ ပါလီမန်အဆောက် အအုံရဲ့ အကျိုးအတွက် ဆင်းရဲတွင်းနက်ခဲ့ကြတာပါ။ပြည်သူတွေဟာတစ်နှစ်စာ အစာစားရဖို့အတွက် ခရိုင်အသီးသီးက စေလွှတ်လိုက်တဲ့ လက်ရွေးစင်တွေက တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိ ယှဉ်ပြိုင်တိုက်ခိုက်ကြရပါတယ်။

အသေအကြေတိုက်ခိုက်ယှဉ်ပြိုင်ပြီးနောက်ဆုံးအသက်ရှင် ကျန်ရစ် တဲ့သူက တစ်နှစ်စာ အစားအသောက်ရပါတယ်။မင်းသမီးက သူနဲ့တိုက်ပြီး ကျရှုံးသွားတဲ့လူကို လက်သုံးချောင်း နဲ့ အလေးပြုခဲ့ပါတယ်။လွတ်လပ်မှု၊တန်းတူညီမျှမှုနဲ့ရဲဘော်အချင်းချင်း သွေးစည်းညီညွတ်မှု လို့အဓိပ္ပာယ်ရတဲ့ ဒီ လက်သုံးချောင်းသင်္ကေတဟာ အခြေခံ နိုင်ငံရေးအခွင့်အရေးတွေ တောင်းဆိုဖို့ သင်္ကေတ (တစ်နည်း) ဒီမိုကရေစီရဲ့ သင်္ကေတဖြစ်လာပါတယ်။

အခုမြန်မာနိုင်ငံမှာလဲစစ်အစိုးရကို ဆန့်ကျင်ဖို့လက်သုံးချောင်း logo တွေ signတွေနဲ့ တောင်းဆိုဆန္ဒဖော်ထုတ်နေခြင်းသာဖြစ်ပါတယ်။ဒီ Post လေးကို ဖတ်မိတဲ့ သူတိုင်း လက်သုံးချောင်း ရဲ့ တကယ့်အဓိပ္ပါယ်ကိုသိပြီး အမှန်တရားအတွက် ငြိမ်းချမ်းစွာ တောင်းဆိုနိုင် ကြစေဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်။ အခုလို အချိန်မှာ ဆူပူမှုတွေ မဖန်တီးပါနဲ့။ ငြိမ်းချမ်းရေးအတွက် ကလောင်အားနဲ့နိုင်သလောက် ထမ်းကြပါစို့လားရှင်။

Credit…