


Credit ; MM Load

သရုပ်ဆောင် မင်းသမီးကြီးချိုပြုံးရဲ့မြေးချောလေးဖြစ်တဲ့ ဝင်းခန့်မိုးကတော့ အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်နေပြီ ဖြစ်ပါတယ် ။ရွှေကြိုမောင်အဖြစ် အကယ်ဒမီဆုပေးပွဲမှာ စတင်ပါဝင်ခဲ့ရတဲ့ ဝင်းခန့်မိုးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတာလည်း ဖြစ်ပါတယ် ။ ဘွားဘွားချိုပြုံးကလည်း မြေးလေးဝင်းခန့်မိုးကို အစစအရာရာ သွန်သင်ဆုံးမပေးပြီး ကိုယ်တိုင်လမ်းညွှန်ပေးနေတာ ဖြစ်ပါတယ် ။

ဝင်းခန့်မိုးက Photo Shooting တွေလည်းရိုက်ကူးရင်း တဖြည်းဖြည်းနဲ့ပိုမိုအောင်မြင်လာသလို နှုတ်ခမ်းနီမလေးတွေကြားမှာလည်း ရေပန်းစားနေတာ ဖြစ်ပါတယ် ။ အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေပေးတတ်တဲ့ ဝင်းခန့်မိုးက ဘွားဘွားချိုပြုံးနဲ့လည်း ဗီဒီယိုလေးတွေ ရိုက်ကူးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း ဝင်းခန့်မိုးက ဘွားဘွားဖြစ်သူ ချိုပြုံးကို စနောက်ကျီစယ်ရင်း အရိုက်ခံလိုက်ရတဲ့သူ့ရဲ့ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။

ဒီဗီဒီယိုလေးမှာတော့ ဝင်းခန့်မိုးက သူ့လက်မောင်းမှာ တက်တူးစတစ်ကာကပ်ပြီး အဘွားဖြစ်သူကိုခေါ်ကာ တက်တူးထိုးလိုက်ပြီဖြစ်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ် ။မြေးလေးလက်မောင်းပေါ်က တက်တူးကိုမြင်လိုက်ရတဲ့ ချိုပြုံးကတော့ ဒေါသတွေထွက်ပြီး ဆံပင်တွေပါဆောင့်ဆွဲကာ စိတ်တွေဆိုးနေတာပဲ ဖြစ်ပါတယ် ။ ကဲ ရယ်ရသလို ချစ်ဖို့လည်းကောင်းနေတဲ့ ချိုပြုံးတို့မြေးအဘွားနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Credit ; MM Load