


Source: Wine Su’s fb

အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ယောက်ကတော့ ဂီတလောကမှာ အားပေးသူ ပရိသတ်အခိုင်အမာရရှိပြီးသား တေးသံရှင်တွေပဲ ဖြစ်ကြပါတယ်။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းက အနုပညာလုပ်ငန်းတွေကိုလည်း ကိုယ်စီလုပ်ကိုင်နေကြသလို သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးကိုလည်း သာယာအေးချမ်းဖွယ်ဖြစ်အောင် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့က နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးထားကြပြီဖြစ်လို့ တစ်အိမ်တည်းမှာ အတူတူနေထိုင်နေကြသလို မကြာခင်မှာလည်း ရွှေလက်တွဲ လက်ထပ်တော့မှာဖြစ်ကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောထားပြီပဲ ဖြစ်ပါတယ်။

အိမ်ထောင်သည်တွေပီပီ အေးအတူပူအမျှ မျှဝေခံစားရင်း နေ့ရက်တိုင်းကိုဖြတ်သန်းနေကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းက တစ်ယောက်နဲ့ တစ်ယောက် စစနောက်နောက်နေရင်းနဲ့ပဲ သာယာတဲ့ အိမ်ထောင်သည်ဘဝကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဝိုင်းစုခိုင်သိန်းက လက်မောင်းအပြည့် တက်တူးထိုးပြီး အီစိမ့်နေတဲ့ ချစ်သူအောင်လရဲ့ ပုံရိပ်ကို “Tattoo ထိုးပြီး ကျေနပ်နေတဲ့ရုပ်ကြီး😂” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆေးထိုးစနောက်ကျီစယ်လာခဲ့တာ အခုလိုမျိုးပဲ တွေ့ရပါတယ်။

အောင်လကတော့ တက်တူးထိုးတာ ဘယ်လောက်ပဲ ခံနိုင်ရည်ရှိတယ်ပြောပြော အနည်းနဲ့အများတော့ အောင့်သက်သက်ဖြစ်နေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း အောင်လရဲ့ မျက်နှာကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wine Su’s fb
Credit – Cele Connections