သရုပ်ဆောင် ထူးခန့်ကျော်ကတော့ အက်ရှင် ဇာတ်ရုပ်တွေကို ပိုင်နိုင်သလို ပီပြင် ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင် စွမ်းရည်တွေနဲ့ ပရိသတ်တွေကို ရသမျိုးစုံ ပေးစွမ်းနိုင်သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတတ်ကျွမ်းတဲ့ ဆေးပညာရပ်လေးနဲ့ တစ်ဖက်တစ်လမ်းကနေ လေဖြတ်လူနာတွေအား တိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာ ကုသပေးနေသူလည်း တစ်ယောက် လည်း ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ပြည်သူတွေ တော်တော်များများ နေမကောင်းဖြစ်နေကြတဲ့ အချိန်မှာလည်း အကျိုးရှိပြီး အသုံးတည့်မယ့် ဆေးနည်းကောင်းလေးကို ညွှန်ပြလာပါတယ် ။ ဒါလေးက လည်ချောင်းမှာရှိတဲ့ပိုးမွှားများကင်းစင်သလို ချောင်းဆိုးခြင်း ချွဲပူထခြင်း အသက်ရှူမဝတဲ့ သူတွေ အတွက် အသုံး ဝင်တယ်လို့ ဆိုလာ ပါတယ် ။

ဆေးနည်းလေးကတော့ ” ကြိုတင်ကာကွယ်ထားရမဲ့ ဝိဇ္ဇာတသိန်းကျော်အပေါင်းသူတော်ကောင်းကြီးများ၏မေတ္တာဆေး ကျွန်တော်တို့မိသားစုလေးနေ့တိုင်းသောက်နေတဲ့ဆေးလေးပါ လည်ချောင်းမှာရှိတဲ့ပိုးမွှားများကင်းစင်သလို ချောင်းဆိုးခြင်း ချွဲပူထခြင်း အသက်ရှူမဝသောသူများအနေ့ဖြင့်လည်း ဒီဆေးအငွေ့များအားပျင်းပျင်းရှူရှိုက်ပေးခြင်းဖြင့် အသက်ရှူမှု့ပြန်လည်ကောင်းမွန်လာတာကိုလည်းခံစားရမှာဖြစ်ပါတယ် ငွေကြေးအင်အားသိပ်ကုန်ကျမှု့မရှိပဲ အင်မတန်သက်သာသောဆေးနည်းလေးပင်ဖြစ်ပေသည် ပါဝင်သောပစ္စည်းများကတော့လ္ဘက်ခြောက်အနည်းငယ် ဂျင်းပါးပါး ၅ခုခန့် ပင်စိမ်းရွက်၂၀ရွက် တောရှောက်ခါးတစိပ်ခန့်တို့အား ပွက်ပွက်ဆူနေသောအိုးထဲသို့ပါဝင်ပစ္စည်းများအားလုံးကိုရောထည့်ပြီးနှပ်ထားပေးပါ အနံ့အသက်မရသောသူများအိုးကိုဖွင့်ပြီး အငွေ့ကိုရှူပေးရသလို လည်ချောင်းကပိုးမွှားများကင်းစင်အောင်လည်း သောက်သုံးလို့ရပါတယ်နော် ကျွန်တော်ဒီဆေးနည်းလေးအတိုင်းသောက်လာတာကြာခဲ့ပါပြီ နောက်ပြီးဝိတ်တက်နေသူများလည်းဝိတ်ပါကျပါသည်နော် အစာအိမ်ရောဂါရှိသောသူများတောရှောက်ခါးသီးကို လိုတိုးပိုလျော့ပြုလုပ်ပေးရသလို ဆီးချို သွေးတိုးသမားများအတွက်လဲအထူးကောင်းမွန်ပါတယ်နေိာ ခေါင်းကိုက် ဇက်ကြောတတ်မှု့တွေကိုလဲသက်သာပျောက်ကင်းခြင်းနှင့် ခံတွင်းအနံ့အသက်များပါကောင်းမွန်ပါသောကြောင့် အခုလက်တွေ့လေးလုပ်ကြည့်ပါနော် ဒီတခွက်ဆိုလျှင်တနေကုန်တဲ့အထိလူတယောက်စာသောက်သုံးလို့ရပါတယ်နော် မေတ္တာဖြင့်မျှဝေပေးခြင်းဖြစ်ပါတယ်နော် ကဲအားလုံးသောအမျိုးများကိုဗစ်ကင်းစင်ကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြစေပြီး အားလုံးကပ်ဆိုးကြီးများဘေးအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ ” ပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Htoo Khant Kyaw