



crd;

မော်ဒယ်လ်သူဇာဝင့်လွင်ကတော့ ၆၉ ကြိမ်မြောက်Miss Universe ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Best in National Costume ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အခက်အခဲတွေများစွာကြားက ဆုရရှိအောင် ကြိုးစားခဲ့တဲ့ သူမကတော့ မြန်မာပြည်ပြန်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် USမှာ နေထိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါ တယ်။

အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေတဲ့ သူမကတော့ မြန်မာပြည်ရဲ့အခြေအနေမှန်ကို နိုင်ငံတကာက သိအောင်ကြိုးစားပေးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မကြာမှီရက်ပိုင်းကတောင်မှ သူမက အိမ်ကိုလွမ်းနေပြီဆိုတဲ့အကြောင်းကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားပါသေး တယ်။

သူမရဲ့အစ်မဖြစ်သူ မေ ကလည်း ခုချိန်မှာတော့ ဖမ်းဝရမ်းကြောင့်ရှောင်တိမ်းနေရတာကြောင့်လည်း အတူပြန်မဆုံနိုင်သေးတဲ့အကြောင်းတွေကြောင့် သူမတို့မိသားစုအတွက်လည်း အားပေးထားကြတာ ဖြစ်ပါ တယ်။

ခုဆိုရင်တော့ သူဇာဝင့်လွင်ဟာ နိုင်ငံတကာမှ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ အတွက် London က M @P Model Agency နဲ့စာချုပ်ချုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ချစ်တဲ့ သူဇာလေးလည်းအရင်ကထက် မြန်မာပြည်အတွက် များစွာ ကြိုးစားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူဇာလေးကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာ နိုင်မယ်လို့ ယုံကြည်ပါ တယ်.နော်…

crd;