


Source: AYE MYA PHYU ‘s fb

သရုပ်ဆောင်၊ အဆိုတော် အေးမြဖြူကတော့ လူငယ်လေးတစ်ယောက်ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်သူလေးတစ်ယောက် ဖြစ်ပါတယ်။ အေးမြဖြူကတော့ လက်ရှိမှာတော့ သူမရဲ့အနုပညာအလုပ်၊ ကျောင်းပညာရေးတွေအားလုံးကို ရပ်နားထားပြီး နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့အတွက် ပြည်သူတစ်ယောက်ပီပီ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း လမ်းပေါ်က ပြည်သူလူထုနဲ့ ဆန္ဒပြဖြစ်နေတဲ့ အေးငြိမ်းဖြူက ဆန္ဒပြပြည်သူတွေကို အားဖြည့်ပေးတဲ့အနေနဲ့ “သွေးသစ္စာ” သီချင်းကိုလည်း ဆိုပေးဖြစ်နေပြီး သူမကိုယ်တိုင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ အေးမြဖြူက သူမအနေနဲ့ “ပင်ပန်းပေမယ့် သမီးတို့လူငယ်တွေရဲ့ အနာဂတ်အတွက် တတ်နိုင်တဲ့ဘက်က နေ့တိုင်းကြိုးစားပါဝင်နေပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အားပေးစကားပြောလာပါတယ်။

အေးမြဖြူကတော့ လူငယ်ပေမယ့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိရှိပြီး ယုံကြည်ရာကို အားသွန်ခွန်စိုက်လုပ်ကိုင်တတ်တာ တကယ့်ကို လေးစားဖွယ်ရာ စိတ်ထားလေးတစ်ခုပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: AYE MYA PHYU ‘s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *