


Source: K Nyi’s fb

နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ခင်လှိုင်နဲ့ K ညီ တို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အပေးအယူမျှမျှနဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်၊ ခင်လှိုင်နဲ့ K ညီတို့က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာမှာ အတူတူ တွဲဖက်သရုပ်ေ ဆာင်ခဲ့ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သွားအတူ၊ စားအတူရှိကြပြီး သွေးသားရင်း ညီအစ်ကိုလို၊ သူငယ်ချင်းလို ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းကြတဲ့ မြင့်မြတ်၊ ခင်လှိုင်နဲ့ K ညီ တို့ အနုပညာညီအစ်ကိုတွေကို တစ်ယောက် တစ်မျိုးစီချစ်ပြီး အားပေးကြတာပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေမရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်တဲ့ မြင့်မြတ်၊ ခင်လှိုင်နဲ့ K ညီ တို့ သုံးယောက်က ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စေခဲ့ပြန်ပါပြီ။ အဲ့ဒါကတော့ K ညီက လမ်းမပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ကနေကြတဲ့ မြင့်မြတ်နဲ့ ခင်လှိုင်ကို ဗီဒီ ယိုလေးရိုက်ပြီး သူ့ရဲ့ Tik Tok အကောင့်မှာ အခုလိုပဲ မျှဝေပြီး ပရိသတ်တွေကို ချပြလာပါတယ်။

မြင့်မြတ်၊ ခင်လှိုင်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အသက်အရွယ်ကွာခြားပေမယ့် ညီအစ်ကိုလို၊ သူငယ်ချင်းလိုချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ရဲ့ Tik Tok ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။

Source: K Nyi’s fb
Credit – Cele Connections