သရုပ်ဆောင် မေတိုးခိုင်ကတော့ ဖေဖော်ဝါရီလအစကတည်းမှ စပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေအနေအရပ်ရပ်ကြောင့် လမ်းပေါ်မထွက်ဖြစ်ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် Speak Out လုပ်ပေးနေတာကိုလည်း မြင်တွေ့ကြရမှာပါ။ ဒါ့အပြင်လူထုလှုပ်ရှားမှုမှာပါဝင်ရင်း မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေအတွက်လည်း စိတ်မကောင်းဖြစ်နေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပိုက်ဆံသွားထုတ်ရင်းနဲ့ တွေ့ကြုံလာခဲ့တာတွေကို ပြန်လည်ရေးသားဝေမျှပေးထားတာပါ။

ဒါကတော့ လမ်းတွေမှာ အရင်လိုစည်ကားနေတာတွေကို ကိုယ်တိုင်မြင်တွေ့လိုက်ရတာကြောင့် သွေးမအေးသွားကြဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ အားလုံးအတူတူ တိုက်ရမယ့်တိုက်ပွဲဖြစ်တာကြောင့် နည်းနည်းလေးမှ အားလျော့သွားလို့ မဖြစ်ကြောင်းကိုလည်း…. ” ပိုက်ဆံသွားထုတ်တာ လမ်းမှာ ကားတ္စေစည်ကားလိုက်တာ… စားသောက်ဆိုင်တွေ လူတွေအပြည့်ဪ သူတို့စိတ်မွန်းကျပ်လို့ ဒီနေ့တစ်ရက်လေး ထွက်ရင်းတိုးတာနေမှာဆိုပြီး ပြန်ဖြေ တစ်ချို့ဆို ရယ်မော ဪ ငါသူတို့ ရယ်မိတဲ့ တစ်ခဏလေးမှာ တွေ့မိတာနေမှာပါစိတ်ပြန်ဖြေ.. တကယ်လည်းအဲ့လိုလူတွေရှိမှာပါ တကယ်အဲ့လိုဆိုကောင်းမှာပဲ.. ဒါပေမဲ့ တစ်ခါလည်းမဟုတ် 😞တစ်ခါထွက် အခေါက်တိုင်းလူတွေပိုများတယ်… နေသားကျသွားကျပြီလား?

မနာကျည်းကြတော့ဘူးလား…. ကျဆုံးသွားသူ တွေ အဖမ်းခံရသူတွေ မိသားစုတွေက ဒီလို အုပ်စုလိုက် ပျော်ပါးနေကြတာ မြင်ရင်စိတ်ထဲမှာ ဘယ်လိုခံစားရမလည်း? 😞 စဉ်းစားကြပါအုန်း… တကယ်ခံစားရလွန်းလို့ပါ😭 သွေးမအေးကြပါနဲ့နော် တောင်းပန်ပါတယ်။ မပြီးဆုံးသေးဘူးဒါကြီးက မပေါ့ကြပါနဲ့ အပြင်မှာ အသက်တွေရင်းပြီး တိုက်ပေးနေကြတဲ့သူတွေကိုအားနာပါအုန်း။ အသက်ပေးသွားကြတဲ့သူတွေကို အားနာပါအုန်း။ နှိပ်စက်ခံ ဖမ်းစီး ခံထားရတဲ့သူတွေကို အားနာပါအုန်း… ဒါအားလုံးတူတူတိုက်ရမယ့်တိုက်ပွဲ နည်းနည်းလေးတောင် အားလျော့လို့မရဘူး။ အားတင်းထားကြပါအုန်း 💪🏼💪🏼💪🏼💪🏼 PS : ဖူးကအမြဲအားလျှော့စေမယ်စကားတွေ စာတွေ တတ်နိုင်သလောက်ရှောင်ပါတယ် ဒါပေမယ့် ဒါလေးတော့တစ်ချို့ကိုမြင်စေချင်လို့ပါ။ ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်းသိရှိနိုင်စေရန် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-May T. Khine’s Facebook Account
Credit….