


credit – Myanmarload

ပရိတ်သတ်ကြီးရေ…. ဖိလစ်ပိုင် Cat Walk King လို့လူသိများတဲ့ Sinon Loresca ကတော့မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာဆိုရင်အချိန်တစ်နှစ်ကျော်တောင်ရှိသွားခဲ့ပြီဖြစ်ပါတယ်။မြန်မာပြည်ကိုချစ်တဲ့ Sinon ကမြန်မာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း သူ့ရဲ့မွန်မြတ်တဲ့ လုပ်ရပ်လေးတွေကတစ်ဆင့် ရရှိခဲ့တာ ဖြစ်ပါတယ် ။ Sinon က စိတ်ထားကောင်းပြီး ကြင်နာတတ်သူတ စ်ဦးဖြစ်တာကြောင့် မြန်မာနိုင်ငံမှာနေ ထိုင်တဲ့အချိန်မှာလည်း သူတတ်နိုင်သလောက် အလှူအတန်းတွေပြုလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Sinon က အမှန်တကယ်ဒုက္ခရောက်နေတဲ့ လူကြီးလူငယ်၊ ကျားမမရွေး ဘယ်သူ့ကိုမဆို အကောင်းဆုံးအားပေး ကူညီတတ်တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် Sinon ကိုဆိုရင် ပရိသတ်တွေအားလုံးက ချစ်ခင်လေး စားရပြီး သူ့ရဲ့ကောင်းမွန်တဲ့အပြုအမူတွေအတွက် အမြဲတမ်းချီးကျူးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း Sinon က လမ်းပေါ်မှာ အနွေးထည်တွေ၊စောင်တွေမပါဘဲ တစ်ယောက် တည်းအိပ်နေတဲ့ လူတစ်ယောက်ကို ကူညီပေးလိုက်တာ ဖြစ်ပါတယ် ။

Sinon ကတော့ ချမ်းလွန်းလို့ ကွေးအိပ်နေရရရှာတဲ့သူကို အနွေးဓာတ်ရစေဖို့ သူကိုယ်တိုင်ဂရုတစိုက်နဲ့ သေသေချာချာလေး စောင်ခြုံပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Sinon က သူ့မှာပါလာတဲ့ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တွေကိုထုတ်ပြီး အိပ်နေတဲ့သူရဲ့ဘေးမှာပါ ထားပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။ ကဲ ပရိသတ်တွေကိုပါ ကြည်နူးပီတိတွေဖြစ်စေခဲ့တဲ့ Sinon Loresca ရဲ့ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေေ ပးလိုက်ပါတယ်နော် ။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Source and Video Credit-Sinon Loresca
credit – Myanmarload