သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းဟာ သူမရဲ့ခင္ပြန္း ကိုဗစ္ေရာဂါနဲ႔ ဆုံးပါးသြားတာေၾကာင့္ အေတာ္ေလးကိုဝမ္းနည္းခံစားေနရတာ ျဖစ္ပါတယ္။ နန္းျမတ္ကိုယ္တိုင္လည္း ကိုဗစ္ေရာဂါကို ခံစားခဲ့ရတာျဖစ္ၿပီး လက္ရွိခ်ိန္မွာေတာ့ ေပ်ာက္ကင္းသြားၿပီ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူ ေလာကႀကီးမွာ မရွိေတာ့ေပမယ့္လည္း သားနဲ႔သမီးကိုအစစအရာရာ ဂ႐ုစိုက္ရင္း ေနထိုင္သြားမွာျဖစ္ေၾကာင္း ခ်စ္ရတဲ့ ပရိသတ္ေတြကို ေျပာျပထား ပါေသးတယ္။
မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း နန္းျမတ္ရဲ့ Facebook Story တြင္ ပုံေလးတစ္ပုံတင္ထားတာ ျဖစ္ပါတယ္။ဒါကေတာ့ လူ႔ေလာကထဲ ေရာက္လာတာ လသားအရြယ္ပဲရွိေသးတဲ့ သမီးေလးကို မိခင္နို႔ရည္ျပန္တိုက္ဖို႔အတြက္ႀကိဳးစားေနတဲ့ပုံေလးကို တင္ထားတာ ျဖစ္ပါတယ္။ နန္းျမတ္ ဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့အတြက္ သမီးေလးကို မိခင္နို႔ရည္မတိုက္ဘဲ ခဏျဖတ္ထားတာ ျဖစ္ပါတယ္။
ခင္ပြန္းကို ဆုံးရႈံးထားရတဲ့ နန္းျမတ္အတြက္ ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္ေနရၿပီး ကေလးေတြအတြက္ အားတင္းၿပီး ေရွ႕ဆက္ေလၽွာက္လွမ္းနိုင္ေစဖို႔ အႏုပညာေလာကမွ ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ပရိသတ္မ်ားက အားေပးစကားမ်ား ေျပာထားၾကပါေသးတယ္။ နန္းျမတ္တစ္ေယာက္ ဝမ္းနည္း ခံစားေနရတာေတြ အျမန္ဆုံးကင္းေဝးၿပီး ကေလးေတြကို ျပဳစုေစာင့္ေရွာက္ရင္း ေပ်ာ္ရႊင္စရာအခ်ိန္ေတြ ျပန္လည္ရရွိနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပ းလိုက္ ရပါတယ္။
Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account
Credit ; MMLoad
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ခင်ပွန်း ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားတာကြောင့် အတော်လေးကိုဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။ နန်းမြတ်ကိုယ်တိုင်လည်း ကိုဗစ်ရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိချိန်မှာတော့ ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကို အစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ချစ်ရတဲ့ ပရိသတ်တွေကို ပြောပြထားပါသေးတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း နန်းမြတ်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံတင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ လူ့လောကထဲ ရောက်လာတာ လသားအရွယ်ပဲရှိသေးတဲ့ သမီးလေးကို မိခင်နို့ရည်ပြန်တိုက်ဖို့အတွက်ကြိုးစားနေတဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ နန်းမြတ်ဟာ ကိုဗစ်ရောဂါကူး စက်ခံထားရတဲ့အတွက် သမီးလေးကို မိခင်နို့ရည်မတိုက်ဘဲ ခဏဖြတ်ထားတာ ဖြစ်ပါတယ်။
ခင်ပွန်းကို ဆုံးရှုံးထားရတဲ့ နန်းမြတ်အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေရပြီး ကလေးတွေအတွက် အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်စေဖို့ အနုပညာလောကမှ ညီအစ်ကိုမောင်နှမများနဲ့ ပရိသတ်များက အားပေးစကားများ ပြောထားကြပါသေးတယ်။ နန်းမြတ်တစ်ယောက် ဝမ်းနည်း ခံစားနေရတာတွေ အမြန်ဆုံးကင်းဝေးပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်စရာအချိန်တွေ ပြန်လည်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်း ကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account
Credit ; MMLoad