ပရိတ်သတ်ကြီးရေ….ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတဲ့ သရုပ်ဆောင် ပြေဇင်ကတော့ လက်ရှိမှာလည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူပါဝင်သော ဇာတ်ကားတိုင်းမှာလည်း သဘာဝကျကျ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အရည်အချင် းရှိသူ တစ်ယောက် ဖြစ်ပါတယ်။

အနုပညာအလုပ်ကို တန်ဖိုးထားချစ်မြတ်နိုးသူဖြစ်တာကြောင့် အောင်မြင်မှုတွေများစွာရရှိအောင် အမြဲကြိုးစားနေသူလည်း ဖြစ်ပါတယ်။အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဓမ္မဘက်ကနေ ရပ်တည်ပေးတဲ့ ပြေဇင်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုအတွက် လေးစားဂုဏ်ယူနေကြတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ထင်မြင်ယူဆချက်များကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေပြီး အခုတစ်ခါမှာလည်း လိပ်ပြာလုံပါစေ ဆိုတဲ့ စကားလုံးထက် ပိုပြီးအဓိပ္ပာယ်ရှိလှတဲ့ အသုံးအနှုန်းတစ်မျိုးအား ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

သူကလည်း ” ” လိပ်ပြာလုံပါစေ” ဆိုတာထက်ကျွန်တော်ကတော့“လိပ်ပြာလှပါစေ” ဆိုတဲ့ အသုံးအနှုန်းကိုပိုသဘောကျမိတယ်။“လိပ်ပြာလှပါစေ” မူရင်းရေးသားသူဟာပန်းချီဆရာ စာရေးဆရာ (ဦး)ဝသုန် ရဲ့ ရေးသားချက်ဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေ လိပ်ပြာလှပြီးသားပါ။ကိုယ့်လိပ်ပြာ ကိုယ်လှအောင်နေကြစေချင်ပါတယ်။ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ပေးပါ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါ တယ်နော်။

Source and Photo Crd-Pyay Zin’s Facebook Account
Credit…..

ပရိတ္သတ္ႀကီးေရ….႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္ရိုက္ကူးရင္း ပရိသတ္ေတြရဲ့ အားေပးမႈေတြ ရရွိထားတဲ့ သ႐ုပ္ေဆာင္ ေျပဇင္ကေတာ့ လက္ရွိမွာလည္း ခ်စ္ရတဲ့ မိသားစုနဲ႔အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ဘဝေလးကို ဖန္တီးတည္ေဆာက္ထားတာ ျဖစ္ပါတယ္။ သူပါဝင္ေသာ ဇာတ္ကားတိုင္းမွာလည္း သဘာဝက်က် ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္တဲ့ အရည္အခ်င္ းရွိသူ တစ္ေယာက္ ျဖစ္ပါတယ္။

အႏုပညာအလုပ္ကို တန္ဖိုးထားခ်စ္ျမတ္နိုးသူျဖစ္တာေၾကာင့္ ေအာင္ျမင္မႈေတြမ်ားစြာရရွိေအာင္ အျမဲႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။အေရးၾကဳံတဲ့အခါတိုင္း ျပည္သူေတြနဲ႔အတူ မွန္ကန္တဲ့ဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးေနသူ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဓမၼဘက္ကေန ရပ္တည္ေပးတဲ့ ေျပဇင္ရဲ့ မွန္ကန္တဲ့ ေရြးခ်ယ္မႈအတြက္ ေလးစားဂုဏ္ယူေနၾကတာပါ။ လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံမွ အေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူ႔ရဲ့ထင္ျမင္ယူဆခ်က္မ်ားကို လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ေဝမၽွေပးေနၿပီး အခုတစ္ခါမွာလည္း လိပ္ျပာလုံပါေစ ဆိုတဲ့ စကားလုံးထက္ ပိုၿပီးအဓိပၸာယ္ရွိလွတဲ့ အသုံးအႏႈန္းတစ္မ်ိဳးအား ေရးသားေျပာျပလာတာ ျဖစ္ပါတယ္။

သူကလည္း ” ” လိပ္ျပာလုံပါေစ” ဆိုတာထက္ကၽြန္ေတာ္ကေတာ့“လိပ္ျပာလွပါေစ” ဆိုတဲ့ အသုံးအႏႈန္းကိုပိုသေဘာက်မိတယ္။“လိပ္ျပာလွပါေစ” မူရင္းေရးသားသူဟာပန္းခ်ီဆရာ စာေရးဆရာ (ဦး)ဝသုန္ ရဲ့ ေရးသားခ်က္ျဖစ္ပါတယ္။ကၽြန္ေတာ္တို႔ျပည္သူေတြ လိပ္ျပာလွၿပီးသားပါ။ကိုယ့္လိပ္ျပာ ကိုယ္လွေအာင္ေနၾကေစခ်င္ပါတယ္။ျပည္သူအခ်င္းခ်င္း ကူညီေစာင့္ေရွာက္ေပးပါ။” ဆိုၿပီး ေရးသားထားတာ ျဖစ္ၿပီး ပရိသတ္ေတြလည္း သိရွိေစရန္အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါ တယ္ေနာ္။

Source and Photo Crd-Pyay Zin’s Facebook Account
Credit…..