လွိုင္သာယာၿမိဳ႕နယ္ စက္မႈဇုံအေနာက္ သဲကြင္း(က်ဴးေက်ာ္)ရပ္ကြက္တြင္ ေနထိုင္ၾကေသာ အိမ္ေထာင္စု(၁၀၀)အတြက္ စုေပါင္းအလႉေလး ျပဳလုပ္ခဲ့တဲ့ ခန႔္စည္သူ

မင္းသားႀကီး ခန႔္စည္သူ ကေတာ့ အႏုပညာ ေလာကမွာ ဆယ္စုႏွစ္ေက်ာ္ တိုင္ေအာင္ ေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ ထားသူ ျဖစ္ပါတယ္။ ခုလိုကာလ မွာလည္း ၿပီးခဲ့တဲ့ လပိုင္းေတြ ကတည္းက လိုအပ္တဲ့ ေနရာေတြ ကိုလည္း ကိုယ္တိုင္ သြားေရာက္ ကာ တတ္နိုင္သေလာက္ ကူညီေဆာင္ရြက္ ေပးေနတာလည္း ျဖစ္ပါတယ္။

တတ္နိုင္တဲ့ ဘက္ကေန အားျဖည့္ကူညီေနတဲ့ ခန႔္စည္သူ ကေတာ့ ဒီတစ္ေခါက္မွာလည္း စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူေတြအတြက္ မိတ္ေဆြမ်ားနဲ႔ စုေပါင္းကာ ဆန္၊ ဆီ နဲ႔ အျခားစားေသာက္ကုန္ေတြကို ေပးေဝလႉဒါန္းခဲ့ျပန္ ပါတယ္ ။ ခက္ခဲရွားပါးေနခ်ိန္မွာ ခုလို လႉဒါန္းမႈကလည္း မြန္ျမတ္တဲ့ အလႉေလးတစ္ခုပါပဲ။

သူရဲ့ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ယေန႔အလႉ (၁၆-၅-၂၀၂၁) လွိုင္သာယာၿမိဳ႕နယ္၊ စက္မႈဇုံအေနာက္၊ သဲကြင္း(က်ဴးေက်ာ္)ရပ္ကြက္တြင္ ေနထိုင္ၾကေသာ အိမ္ေထာင္စု (၁၀၀) အတြက္…ဆန္၊ဆီ၊ဆား၊ကုလားပဲ၊ၾကက္သြန္နီ၊ေဗဒါေရႊၾကာ လက္ဖက္ႏွင့္အေၾကာ္စုံ၊အာလူး၊ငံျပာရည္၊ေဂၚဖီထုပ္၊ဆပ္ျပာေတာင့္ႏွင့္Maggi စြယ္စုံသုံးဟင္းခတ္မႈန႔္မ်ားကို သြားေရာက္လႉဒါန္းခဲ့ၾကပါတယ္။ ခက္ခဲ ရွားပါးတဲ့ ခုလိုအခ်ိန္မွာ ကာလဒါနအလႉ စုေပါင္းလႉဒါန္းေပးၾကပါေသာ အလႉရွင္မ်ားကို လွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္ရွိပါ တယ္။ ” ဆိုၿပီး ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Kyaw Soe Win

လှိုင်သာယာမြို့နယ် စက်မှုဇုံအနောက် သဲကွင်း(ကျူးကျော်)ရပ်ကွက်တွင် နေထိုင်ကြသော အိမ်ထောင်စု(၁၀၀)အတွက် စုပေါင်းအလှူလေး ပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

မင်းသားကြီး ခန့်စည်သူ ကတော့ အနုပညာ လောကမှာ ဆယ်စုနှစ်ကျော် တိုင်အောင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင် ထားသူ ဖြစ်ပါတယ်။ ခုလိုကာလ မှာလည်း ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက လိုအပ်တဲ့ နေရာတွေ ကိုလည်း ကိုယ်တိုင် သွားရောက်ကာ တတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေတာလည်း ဖြစ်ပါ တယ်။

တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်ကူညီနေတဲ့ ခန့်စည်သူ ကတော့ ဒီတစ်ခေါက်မှာလည်း စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေအတွက် မိတ်ဆွေများနဲ့ စုပေါင်းကာ ဆန်၊ ဆီ နဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ် ။ ခက်ခဲရှားပါးနေချိန်မှာ ခုလို လှူဒါန်းမှုကလည်း မွန်မြတ်တဲ့ အလှူလေးတစ်ခု ပါပဲ။

သူရဲ့ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ယနေ့အလှူ (၁၆-၅-၂၀၂၁) လှိုင်သာယာမြို့နယ်၊ စက်မှုဇုံအနောက်၊ သဲကွင်း(ကျူးကျော်)ရပ်ကွက်တွင် နေထိုင်ကြသော အိမ်ထောင်စု (၁၀၀) အတွက်…ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်သွန်နီ၊ဗေဒါရွှေကြာ လက်ဖက်နှင့်အကြော်စုံ၊အာလူး၊ငံပြာရည်၊ဂေါ်ဖီထုပ်၊ဆပ်ပြာတောင့်နှင့်Maggi စွယ်စုံသုံးဟင်းခတ်မှုန့်များကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ခက်ခဲ ရှားပါးတဲ့ ခုလိုအချိန်မှာ ကာလဒါနအလှူ စုပေါင်းလှူဒါန်းပေးကြပါသော အလှူရှင်များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ” ဆိုပြီး ရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။

Credit:Cele Zone
Photo – Kyaw Soe Win