ခင်မင်ရင်းနှီးသူချင်းရင်ဖွင့်ပြောပြတတ်တာ လူတိုင်းပါပဲ။ ကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံရတဲ့ခေတ်ပျက်ကြီးမှာတော့ အရာရာတိုင်းကို ဖွင့်ဟပြောဖို့မလိုကြောင်း ဒါရိုက်တာကိုပေါက်က သတိပေးစကားဆိုလာခဲ့ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေရှိတာမို့ ကိုယ့်ကိစ္စတွေကို ကိုယ့်မိသားစုဝင်တွေကလွဲပြီး သူစိမ်းတွေနဲ့ တော်ရုံမတိုင်ပင်တာ ပိုပြီးသင့်တော်ပါတယ်။

” သူကတော့ငါ့ကိုမလုပ်လောက်ဘူး ” လို့တွေးပေမယ့် ဒီလိုလူတွေက ကိုယ့်အပေါ် လုပ်ရက်သွားကြတဲ့အခါ ခံစားရတဲ့နာကျင်မှုက ပြောမပြတတ်အောင်ပါပဲ။ နောက်ကျောက ထိုးတဲ့ဓားထက် ရင်ဝတည့်တည့်ကိုထိုးစိုက်ခံရတဲ့ဓားက မျက်နှာချင်းဆိုင်မို့ ပိုပြီးနာရပါ တယ်။ အနားမှာရှိတိုင်းလူယုံမဟုတ်ဘဲ ကိုယ့်ကိုအနီးကပ်သတ်မယ့်သူလည်း ဖြစ်နေနိုင်ပါတယ်။

ပညာရစရာစကားတွေကို ” လောကမှာ ယုံကြည်စိတ်ချရတဲ့သူဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ မင်းရဲ့အရေးကြီးလုပ်ငန်း လျှို့ဝှက်ချက်တွေကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဖွင့်မပြောမိပါစေနဲ့ လုပ်ကြံမှုတွေတိုင်းမှာ အတွင်းလူတွေပါနေတတ်တာ သတိရပါ ” ဆိုပြီး ဒါရိုက်တာကိုပေါက်က ပြောပြလာခဲ့ပါတယ်။

Credit – Cele Zone
Photo – Aung Min Naing




Credit – Cele Zone
Photo – Aung Min Naing