ဒုစရိုက္သမားေတြပိုၿပီးမ်ားလာတာနဲ႔အမၽွ လူထုအေနနဲ႔လည္းလုံျခဳံမႈကို အထူးဂ႐ုစိုက္ေနရပါတယ္။ ဒီတစ္ေခါက္မွာလည္း ဒီဇိုင္နာမ်ိဳးမင္းစိုးက သူၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ကို ” ကၽြန္ေတာ့္ရဲ့ေအာင္ခ်မ္းသာကဂ်င္းၿခံကိုအလုပ္ကိစၥနဲ႔အသြား အိမ္ေထာင္စုမိတၱဴလိုလာတာေၾကာင့္ကြန္ပ်ဴတာဆိုင္မွာမိတၱဴဝင္ဆြဲဖို႔အတြက္ ျပင္ဦးလြင္ မႏၲေလးလမ္းမေပၚ ေအာင္ခ်မ္းသာနား လူစည္ကားလွတဲ့ေနရာမွာ ေန႔လည္ (၁) နာရီခြဲ ဝန္းက်င္မွာကားရပ္ၿပီးစက္ေတာ့ႏွိုးထားပါတယ္ ကားေမာင္းတဲ့တပည့္ေလးက ကားေပၚက ဆင္းၿပီးမိတၱဴဆိုင္ထဲဝင္သြားပါတယ္။ ကၽြန္ေတာ္တို႔ကားထဲမွာလူအားလုံးေပါင္း (၅) ေယာက္ က်န္ခဲ့ပါတယ္ ဖုန္းေလးေတြသုံးရင္ေစာင့္ေနတုန္း လူတစ္ေယာက္ကေျပးလာၿပီး ကားေမာင္းတဲ့ေနရာကိုဝင္ထိုင္ၿပီးကားေမာင္းဖို႔ ႀကိဳးစားလုပ္ပါ တယ္ ”

” အသက္ (၂၀) ေက်ာ္အသားမဲမဲလူငယ္တစ္ေယာက္ပါ။ ကၽြန္ေတာ့္ကိုကူညီပါ လိုက္ပါရေစ လိုက္ပါရေစဆိုၿပီးလက္ထဲမွာလည္း ပိုက္ဆံအိတ္တစ္အိတ္ပါပါတယ္။ အစကေတာ့ ကၽြန္ေတာ္တို႔လည္းအမွတ္တမဲ့ဆိုေတာ့ ကၽြန္ေတာ့္တပည္ေလးပဲဝင္လာတာ မွတ္ေနတာ ၿပီးေတာ့မွမဟုတ္မွန္းသိရေတာ့ အားလုံးကေၾကာင္ကုန္ၾကၿပီးဘာလုပ္ရမွန္းမသိျဖစ္ကုန္ၾကတယ္ ၿပီးေတာ့မွ ေရွ႕ခန္းကထိုင္ေနတာတဲ့ ကိုထြန္းလင္းကတြန္းထုတ္ပါတယ္ ဒါေပမယ့္ ကားတံခါးပိတ္ထားေတာ့သူ႔ကိုထုတ္လို႔မရပါဘူး လုံးဝမဆင္းဘဲ ကားေမာင္းေျပးဖို႔ သူႀကိဳးစားပါတယ္ အဲဒီအခ်ိန္မွာကၽြန္ေတာ္ကေနာက္ခန္းမွာထိုင္ေနတာဆိုေတာ့ ဖိနပ္ေတာင္ မပါပါဘူးေျပးဆင္းၿပီး သူ႔ကိုကားတံခါးဖြင့္ၿပီးဆြဲခ်ပါတယ္။ လုံးဝမရပါဘူး ကားခလုပ္ေတြ ေလ်ာက္ႏွိပ္ပါတယ္။ အဲဒီအခ်ိန္သာကားထြက္သြားခဲ့ရင္ကၽြန္ေတာ္တန္းလန္းႀကီးပါသြားမွာ ”

” အဲဒီမွာကၽြန္ေတာ္ကသူ႔ကိုခါးကိုေနသိုင္းဖက္ၿပီး အားအင္အကုန္သုံးၿပီးဝင္ၿပီးလုံးရပါတယ္ လုံးဝမဆင္းပါဘူး။ ခါးကေန ကိုင္ၿပီးေမြ႕ရမ္းၿပီးဆြဲခ်မွ ကားေအာက္ကိုေရာက္သြားပါတယ္ ၿပီးေတာ့ထြက္ေျပးသြားပါတယ္။ တကယ္လို႔အဲဒီသူကသာကားကို ေမာင္းေျပးခဲ့ရင္ သူနဲ႔လုံးေထြးေနတုန္း သူ႔မွာသာဓားေတြပါခဲ့ရင္မေတြးဝံ့စရာပါ ေနာက္ဆိုကားရပ္ထားၿပီး အထဲမွာလူရွိေနခဲ့ရင္ ကားေလာ့ခ်ၿပီးမွရေတာ့မယ္ဆိုတဲ့သင္ခန္းစာရယ္ ကားထဲမွာတစ္ေယာက္ထဲရွိေနရင္ Fb မသုံးသင့္ဘူးဆိုတဲ့သင္ခန္းစာေတြ ရလိုက္တယ္ Fb ကသူငယ္ခ်င္းေတြဆင္ျခင္လို႔ရေအာင္ကၽြန္ေတာ္ၾကဳံေတြ႕ခဲ့ရတာကိုေမၽွလိုက္ပါတယ္ ” ဆိုၿပီးေျပာျပလာခဲ့ပါ တယ္။

Credit – Cele Zone
Photo – Myo Min Soe

ဒုစရိုက်သမားတွေပိုပြီးများလာတာနဲ့အမျှ လူထုအနေနဲ့လည်းလုံခြုံမှုကို အထူးဂရုစိုက်နေရပါတယ်။ ဒီတစ်ခေါက်မှာလည်း ဒီဇိုင်နာမျိုးမင်းစိုးက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ” ကျွန်တော့်ရဲ့အောင်ချမ်းသာကဂျင်းခြံကိုအလုပ်ကိစ္စနဲ့အသွား အိမ်ထောင်စုမိတ္တူလိုလာတာကြောင့်ကွန်ပျူတာဆိုင်မှာမိတ္တူဝင်ဆွဲဖို့အတွက် ပြင်ဦးလွင် မန္တလေးလမ်းမပေါ် အောင်ချမ်းသာနား လူစည်ကားလှတဲ့နေရာမှာ နေ့လည် (၁) နာရီခွဲ ဝန်းကျင်မှာကားရပ်ပြီးစက်တော့နှိုးထားပါတယ် ကားမောင်းတဲ့တပည့်လေးက ကားပေါ်က ဆင်းပြီးမိတ္တူဆိုင်ထဲဝင်သွားပါတယ်။ ကျွန်တော်တို့ကားထဲမှာလူအားလုံးပေါင်း (၅) ယောက် ကျန်ခဲ့ပါတယ် ဖုန်းလေးတွေသုံးရင်စောင့်နေတုန်း လူတစ်ယောက်ကပြေးလာပြီး ကားမောင်းတဲ့နေရာကိုဝင်ထိုင်ပြီးကားမောင်းဖို့ ကြိုးစားလုပ်ပါ တယ် ”

” အသက် (၂၀) ကျော်အသားမဲမဲလူငယ်တစ်ယောက်ပါ။ ကျွန်တော့်ကိုကူညီပါ လိုက်ပါရစေ လိုက်ပါရစေဆိုပြီးလက်ထဲမှာလည်း ပိုက်ဆံအိတ်တစ်အိတ်ပါပါတယ်။ အစကတော့ ကျွန်တော်တို့လည်းအမှတ်တမဲ့ဆိုတော့ ကျွန်တော့်တပည်လေးပဲဝင်လာတာ မှတ်နေတာ ပြီးတော့မှမဟုတ်မှန်းသိရတော့ အားလုံးကကြောင်ကုန်ကြပြီးဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြတယ် ပြီးတော့မှ ရှေ့ခန်းကထိုင်နေတာတဲ့ ကိုထွန်းလင်းကတွန်းထုတ်ပါတယ် ဒါပေမယ့် ကားတံခါးပိတ်ထားတော့သူ့ကိုထုတ်လို့မရပါဘူး လုံးဝမဆင်းဘဲ ကားမောင်းပြေးဖို့ သူကြိုးစားပါတယ် အဲဒီအချိန်မှာကျွန်တော်ကနောက်ခန်းမှာထိုင်နေတာဆိုတော့ ဖိနပ်တောင် မပါပါဘူးပြေးဆင်းပြီး သူ့ကိုကားတံခါးဖွင့်ပြီးဆွဲချပါတယ်။ လုံးဝမရပါဘူး ကားခလုပ်တွေ လျောက်နှိပ်ပါတယ်။ အဲဒီအချိန်သာကားထွက်သွားခဲ့ရင်ကျွန်တော်တန်းလန်းကြီးပါသွားမှာ ”

” အဲဒီမှာကျွန်တော်ကသူ့ကိုခါးကိုနေသိုင်းဖက်ပြီး အားအင်အကုန်သုံးပြီးဝင်ပြီးလုံးရပါတယ် လုံးဝမဆင်းပါဘူး။ ခါးကနေ ကိုင်ပြီးမွေ့ရမ်းပြီးဆွဲချမှ ကားအောက်ကိုရောက်သွားပါတယ် ပြီးတော့ထွက်ပြေးသွားပါတယ်။ တကယ်လို့အဲဒီသူကသာကားကို မောင်းပြေးခဲ့ရင် သူနဲ့လုံးထွေးနေတုန်း သူ့မှာသာဓားတွေပါခဲ့ရင်မတွေးဝံ့စရာပါ နောက်ဆိုကားရပ်ထားပြီး အထဲမှာလူရှိနေခဲ့ရင် ကားလော့ချပြီးမှရတော့မယ်ဆိုတဲ့သင်ခန်းစာရယ် ကားထဲမှာတစ်ယောက်ထဲရှိနေရင် Fb မသုံးသင့်ဘူးဆိုတဲ့သင်ခန်းစာတွေ ရလိုက်တယ် Fb ကသူငယ်ချင်းတွေဆင်ခြင်လို့ရအောင်ကျွန်တော်ကြုံတွေ့ခဲ့ရတာကိုမျှေလိုက်ပါတယ် ” ဆိုပြီးပြောပြလာခဲ့ပါ တယ်။

Credit – Cele Zone
Photo – Myo Min Soe