


Credit:…..

ပရိတ်သတ်ကြီးရေ…. ထင်ရှားတဲ့ပါးချိုင့်လေးနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ကောင်းမြတ်စံဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ဇာတ်ကားတွေလည်းများစွာ ရိုက်ကူးထားပြီး ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။မင်းသားကောင်းမြတ်စံကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လို အပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။

ကောင်းမြတ်စံကတော့ လူတစ်ယောက်ကိုမြင်တာနဲ့ သူ့ရဲ့အတွင်းစိတ်ကိုဖောက်ထိုးမြင်နေရတယ်ဆိုပြီး အသွင်အပြင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာပါတယ်..။တကယ်လား ဟန်ဆောင်နေတာလားဆိုတာကို လူကိုကြည့်လိုက်တာနဲ့ အတွင်းစိတ်ကိုမြင်နေရတဲ့ အတွေ့အကြုံအသစ်တွေကို ကောင်း မြတ် စံက သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

“လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူရဲ့ အတွင်းစိတ်ကို ဖောက်ထိုးမြင်ရတယ်…တစ်ကယ်လား.. ဟန်ဆောင်နေတာလားဆိုတာ..ရုပ်အဆင်းအသွင်အပြင်နဲ့ မဆိုင်ဘူးနော်… အဲ့ဒါ ဘဝကသင်ပေးခဲ့တဲ့ အသိပညာ ✌🏻..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။အတွေ့အကြုံတွေကို ပြောပြလာတဲ့ မင်းသားကောင်းမြတ်စံကို ပရိသတ်တွေအားလုံးကလည်း အားပေးစကားတွေပြောရင်း ကျန်းမာ ရေးအပြင် အစစအရာရာဂရုစိုက်ကြဖို့ကိုလည်း ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။

Source : Kaung Myat San’s Fb Acc
Credit:…..