သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ လပ်ရှိအချိန်မှာ အေးချမ်းတဲ့တရားဓမ္မအလုပ်များ လုပ်ကိုင်ရင်း မြန်မာမြည်သူ ပြည်သားတွေကို ဆုတောင်းမေတ္တာပို့သလျက်ရှိပါတယ်။ရုပ်ရှင်နှင့်ဗီဒီယိုဇတ်ကားပေါင်းများစွာ ရိုက်ကူးထားလျက်ရှိပြီး ပရိတ်သတ်တွေရဲ့ အားပေးမှူကို ရရှိထားခဲ့ပါတယ်။ရိုးသားပွင်းလင်းပြီး လူတွေကိူ ကူညီတတ်တဲ့ စိတ်ထားလေးတွေကြောင့် သူမကို ပရိတ်သတ်တွေက အချစ်ပိုလျက်ရှိကြပါ တယ်။

လတ်တစ်လောအချိန်မှာတော့ သူမအနေနဲ့ ကုသိုလ်ကောင်းမှုများပြုလုပ်လျက်ရှိပြီး မကြာခဏဆိုသလို သူမရဲ့ တစ်နေ့တာကုသိုလ်ကောင်းမှုလေးတွေကို ပရိတ်သတ်တွေကို ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။သူမ အနေနဲ့ ပရဟိတဒါနအလှူအဖြစ် လည်း ယခုကာလမှာ စားဝတ်နေရေးခက်ခဲနေသူတွေကို ကူညီလှူဒါန်းလေ့ရှိပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ လူတိုင်းရဲ့ စိတ်အလိုကျအတိုင်း နေနိုင်ဖို့မလွယ်ကြောင်းကို ရင်ဖွင့် ပြောကြားလာပါတယ်။ ” လူတွေ အလိုကျအတိုင်း လိုက်လုပ်မနေနဲ့၊လမ်းပျောက်သွားလိမ့်မယ်။ လူတွေဝေဖန်တိုင်းလည်း လိုက်ခံစားမနေနဲ့၊ စိတ်ညစ်ရလိမ့်မယ်။ လူတွေကဲ့ရဲ့တိုင်းလည်း ဒေါသထွက်မနေနဲ့၊ စိတ်ပူလောင်ရလိမ့်မယ် လူတွေ အကောင်းမမြင်တိုင်း လည်း အားငယ်မနေပါနဲ့၊ စိတ်ဓာတ်ကျတတ်တယ်။ လူတွေမလိုအပ်ဘဲ ဘာမှ ပေးချင်မနေပါနဲ့၊ တန်ဖိုးကျတတ်တယ်။ လူတွေရဲ့အမှိုက်တစ်စလို စွန့်ပစ်ခံရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊

ဘဝအမှောင် ကျတတ်တယ်။ လူတိုင်းက မင်းနဲ့ အတွေး မတူနိုင်ဘူး၊ လူတိုင်းက မင်း စိတ်ချမ်းသာအောင် လုပ်ပေးနေမှာ မဟုတ်ဘူး၊ လူတိုင်းက မင်းကို ကိုယ်ချင်းစာပေးနေမှာ မဟုတ်ဘူး။ လူတိုင်းက မင်းကိုစိတ်ဝင်စားနေကြမှာ မဟုတ်ဘူး။ လူတိုင်းကြိုက်အောင် မင်းနေနိုင်မှာ မဟုတ်ဘူး။ လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း မင်း နေရာ မယူနိုင်ဘူး။ မင်းဘဝကို မင်းပိုင်တယ်၊ မင်း အတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ၊ မင်း လျှောက်မယ့်လမ်းကို မင်းပဲ ရွေးချယ်ပါ။ မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။ မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ မင်းပဲ ရှိတယ်၊ ဒါကြောင့် မင်းအနာဂတ်ကို မင်းကိုယ်တိုင်ပဲ ပုံဖော်ထုဆစ်ပါ။” ဆိုတဲ့ အကြောင်းလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါ တယ်

Credit – YaungChi

Source – Baby Maung’s Facebook

သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဘဘီေမာင္ကေတာ့ လပ္ရွိအခ်ိန္မွာ ေအးခ်မ္းတဲ့တရားဓမၼအလုပ္မ်ား လုပ္ကိုင္ရင္း ျမန္မာျမည္သူ ျပည္သားေတြကို ဆုေတာင္းေမတၱာပို႔သလ်က္ရွိပါတယ္။႐ုပ္ရွင္ႏွင့္ဗီဒီယိုဇတ္ကားေပါင္းမ်ားစြာ ရိုက္ကူးထားလ်က္ရွိၿပီး ပရိတ္သတ္ေတြရဲ့ အားေပးမႉကို ရရွိထားခဲ့ပါတယ္။ရိုးသားပြင္းလင္းၿပီး လူေတြကိူ ကူညီတတ္တဲ့ စိတ္ထားေလးေတြေၾကာင့္ သူမကို ပရိတ္သတ္ေတြက အခ်စ္ပိုလ်က္ရွိၾကပါ တယ္။

လတ္တစ္ေလာအခ်ိန္မွာေတာ့ သူမအေနနဲ႔ ကုသိုလ္ေကာင္းမႈမ်ားျပဳလုပ္လ်က္ရွိၿပီး မၾကာခဏဆိုသလို သူမရဲ့ တစ္ေန႔တာကုသိုလ္ေကာင္းမႈေလးေတြကို ပရိတ္သတ္ေတြကို ျပန္လည္မၽွေဝေပးေလ့ရွိပါတယ္။သူမ အေနနဲ႔ ပရဟိတဒါနအလႉအျဖစ္လည္း ယခု ကာလမွာ စားဝတ္ေနေရးခက္ခဲေနသူေတြကို ကူညီလႉဒါန္းေလ့ရွိပါတယ္။

ဒီေန႔မွာေတာ့ သူမရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာကေန လူတိုင္းရဲ့ စိတ္အလိုက်အတိုင္း ေနနိုင္ဖို႔မလြယ္ေၾကာင္းကို ရင္ဖြင့္ ေျပာၾကားလာပါတယ္။ ” လူေတြ အလိုက်အတိုင္း လိုက္လုပ္မေနနဲ႔၊လမ္းေပ်ာက္သြားလိမ့္မယ္။ လူေတြေဝဖန္တိုင္းလည္း လိုက္ခံစားမေနနဲ႔၊ စိတ္ညစ္ရလိမ့္မယ္။ လူေတြကဲ့ရဲ့တိုင္းလည္း ေဒါသထြက္မေနနဲ႔၊ စိတ္ပူေလာင္ရလိမ့္မယ္ လူေတြ အေကာင္းမျမင္တိုင္းလည္း အားငယ္မေနပါနဲ႔၊ စိတ္ဓာတ္က်တတ္တယ္။ လူေတြမလိုအပ္ဘဲ ဘာမွ ေပးခ်င္မေနပါနဲ႔၊ တန္ဖိုးက်တတ္တယ္။ လူေတြရဲ့အမွိုက္တစ္စလို စြန႔္ပစ္ခံရလည္း အထီးက်န္တယ္လို႔ ေတြးမေန ပါနဲ႔၊

ဘဝအေမွာင္ က်တတ္တယ္။ လူတိုင္းက မင္းနဲ႔ အေတြး မတူနိုင္ဘူး၊ လူတိုင္းက မင္း စိတ္ခ်မ္းသာေအာင္ လုပ္ေပးေနမွာ မဟုတ္ဘူး၊ လူတိုင္းက မင္းကို ကိုယ္ခ်င္းစာေပးေနမွာ မဟုတ္ဘူး။ လူတိုင္းက မင္းကိုစိတ္ဝင္စားေနၾကမွာ မဟုတ္ဘူး။ လူတိုင္းႀကိဳက္ေအာင္ မင္းေနနိုင္မွာ မဟုတ္ဘူး။ လူတိုင္းရဲ့ ႏွလုံးသားထဲမွာလည္း မင္း ေနရာ မယူနိုင္ဘူး။ မင္းဘဝကို မင္းပိုင္တယ္၊ မင္း အေတြးေတြကို မင္းပဲ ထိန္းခ်ဳပ္ပါ၊ မင္း ေလၽွာက္မယ့္လမ္းကို မင္းပဲ ေရြးခ်ယ္ပါ။ မင္းကိုယ္မင္း ယုံၾကည္မႈ ရွိပါ။ မင္း စိတ္ေတြ ေပ်ာ္ေအာင္ လုပ္နိုင္တာ မင္းပဲ ရွိတယ္၊ ဒါေၾကာင့္ မင္းအနာဂတ္ကို မင္းကိုယ္တိုင္ပဲ ပုံေဖာ္ထုဆစ္ပါ။” ဆိုတဲ့ အေၾကာင္းေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါ တယ္

Credit – YaungChi

Source – Baby Maung’s Facebook