သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်တိုင်းတွင် ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမဟာ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ မပါဝင်သေးတဲ့ ပြည်သူ့ဝန်ထမ်းတွေလည်း ပါဝင်ပေးကြဖို့ တိုက်တွန်းပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက် ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်နေပြီးအယူလွဲမှားနေတဲ့ရာဇဝင်တွေကိုလည်းပြောင်းလဲပစ်ရမည်ဖြစ်ကြောင်းပြတ်သားစွာပြောပြလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ” Why is it that in movies and stories, the bad guy loses and the good guy wins, but in real life, the good guy loses, and the bad guy wins? In real life, the bad guy usually wins because they are willing to do things that most good guys won’t do such as point a gun at someone. That history must be changed by our generation. WE WILL NOT LET EVIL WIN THIS TIME!!

ဘာကြောင့် ရုပ်ရှင်နှင့် ပုံပြင်တွေထဲမှာ လူဆိုးဟာ ကျရှုံး လူကောင်းဟာ အနိုင် ရပြီး တကယ့်လက်တွေ့ ဘဝမှာ လူကောင်းဟာ ရှုံးနိမ့်ပြီး လူဆိုးဟာ ဘာကြောင့် အနိုင်ရသလဲ? တကယ့်လက်တွေ့ဘဝကျမှာတော့ လူဆိုးတွေဟာ များသောအားဖြင့် အနိုင်ရတဲ့ အကြောင်းအရင်းက လူဆိုးတွေဟာ လူကောင်းတွေ မလုပ်တဲ့ မတရား ယုတ်မာတဲ့ လုပ်ရပ်တွေကိုလုပ်ရဲကြလို့ပဲ ဖြစ်ပါတယ် ဥပမာ – တစ်ယောက်ယောက် ကို သေနတ်နဲ့ ပစ်တာမျိုးပေါ့ သေလိုက်! အဲ့ဒီ ရာဇဝင်ကြီးကို ငါတို့ မျိုးဆက်တွေ မရ ရအောင် ပြောင်းကိုပြောင်းလဲပစ်ရမယ် ဒီတစ်ခါ လူယုတ်မာသည် လုံးဝအနိုင်မရစေရဘူး” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Sue Sha Naing’s Facebook Page
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *