


Crd…..

နိုင်ငံအတော်များများရဲ့ စိတ်ဝင်စားစောင့်ကြည့်ခြင်း ခံနေရတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်အရပ်ကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နေထိုင်နေကြရတာဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ကြောင့် မြန်မာပြည်သူ လူထုတစ်ရပ်လုံးကလည်း တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေကို အားတက်သရောလုပ်ေ ဆာင်နေကြတာကိုတွေ့ရပါတယ်နော်…..။

လူထုလှုပ်ရှားမှုကြီးမှာဆိုရင် လူငယ်တွေအတော်များများ ပါဝင်နေကြတာဖြစ်ပြီး တစ်ရက်ပြီးတစ်ရက်လည်း အခက်အခဲအတားအဆီးတွေများစွာနဲ့တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ဒီနေ့ ၃.၃.၂၀၂၁မှာဆိုရင်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ လူထုလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေကြတာဖြစ်ပြီး ဖြိုခွင်းမှု တွေကြောင့် အသက်စတေးခဲ့ရတဲ့ လူငယ် လူရွယ်အများအပြားရှိလာခဲ့တာကိုလည်း တွေ့ရပါတယ်နော်…..။

အခုလိုအပြစ်မဲ့ လူငယ်လေးတွေအသက်စတေးခဲ့ရတဲ့အပေါ်မှာလည်း ပိုင်ဖြိုးသု ဟာသူမရဲ့ Facebookစာမျက်နှာမှာ “ငါတို့ကလေးတွေ ပြည်သူတွေ တစ်ယောက်အသက်ဆုံးရတိုင်း ဆုံးရတိုင်းမှာ ငါတို့ပြည်သူတွေအားလုံးမျက်ရည်ပေါက်ကြီးငယ်ကျရတယ်….အေး..မကြာတော့တဲ့ ကာလမှာ…နင်တို့တွေအားလုံးတစ်‌ယောက်တစ်လှည့်ကြိုးစင်တက်ရတဲ့အခါကျရင်…ငါတို့ပြည်သူတွေအားလုံးအူလှိုက်သဲလှိုက်ဝိုင်းရယ်ကြမယ်….#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ကမ္ဘာမကြေဘူး…..” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ သုသု‌ရေးထားတဲ့စာလေးကို ဝေမျှရင်း မြန်မာပြည်ကြီးလည်း အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Phyoe Thu’s Facebook acc
Crd…..