ပရိတ္သတ္ၾကီးေရ…..တစ္ေန႔ထက္တစ္ေန႔ အရွိန္အဟုန္ျပင္းျပင္းနဲ႔ အားေကာင္းလာတဲ့ ဆႏၵထုတ္ေဖာ္မႈေတြဟာ နိုင္ငံတကာရဲ့သတင္းေတြထိ ျပန႔္ႏွံေနခဲ့တာလည္းျဖစ္ပါတယ္။ျပည္သူေတြကလည္းတစ္ရက္မွ လက္မေလ်ာ့ဘဲ ရရာေနရာေတြကေန ယုံၾကည္ခ်က္ေတြအတြက္ ရင္ထဲကဆႏၵေတြကို ညီညီညြတ္ညြတ္ထုတ္ေဖာ္လ်က္ရွိေနဆဲပါ။

​ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ေတြကလည္း အင္တိုက္အားတိုက္ ပါဝင္ရပ္တည္ခဲ့တာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။ဒီလိုအႏုပညာရွင္ေတြထဲမွာဆိုရင္ မေအးေသာင္းလည္း အပါအဝင္ပါပဲ ။မေအးေသာင္းက ေဖေဖာ္ဝါရီလအစထဲက ျပည္သူလူထုနဲ႔အတူရပ္တည္ကာ ဆႏၵထုတ္ေဖာ္မႈေတြကို မေမာမပန္းနိုင္ေအာင္တက္တက္ႂကြႂကြ စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အေရးႀကီးသတင္းေတြကိုလည္း သူမရဲ့အေကာင့္မွာ အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပလ်က္ရွိပါတယ္။အခုလည္း လူနာမ်ားတင္ဖို႔အတြက္ ကားအဆင္မေျပျဖစ္ေနတဲ့အသင္းကို ကားတစ္စီးလႉဒါန္းရန္ သူကိုယ္တိုင္ (၁၀) က်ပ္မတည္လႉဒါန္းရင္း လိုအပ္တဲ့ေငြမ်ားကိုလည္း သူရဲ့အေကာင့္ေလးမွာခုလိုေရးသားကာ အလႉခံလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။” ကယ္ဆယ္ေရးအဖြဲ႕အတြက္တတ္နိုင္သေလာက္ လိုအပ္တာေလးေတြ လႉျဖစ္ေပမဲ့ အခုလူနာေတြတင္ဖို႔ေခၚဖို႔အတြက္ ကားအဆင္မေျပတဲ့အသင္းကိုလႉခ်င္လို႔ပါ။ ကားေလးတစ္စီးလႉဖို႔က်ေတာ့တစ္ေယာက္တည္းမတတ္နိုင္လို႔အလႉခံပါတယ္။ က်မ ကိုယ္တိုင္ ၁၀ သိန္းက်ပ္မတည္ၿပီး အလႉေငြလည္းလက္ခံပါ့မယ္။ အားနာနာနဲ႔ပဲဒီတခါေတာ့အလႉခံပါရေစရွင့္ Chat box မွတဆင့္ဆက္သြယ္ေပးပါရွင့္ “ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Aye Thaung

ပရိတ်သတ်ကြီးရေ…..တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကောင်းလာတဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ နိုင်ငံတကာရဲ့သတင်းတွေထိ ပြန့်နှံနေခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူတွေကလည်းတစ်ရက်မှ လက်မလျော့ဘဲ ရရာနေရာတွေကနေ ယုံကြည်ချက်တွေအတွက် ရင်ထဲကဆန္ဒတွေကို ညီညီညွတ်ညွတ်ထုတ်ဖော်လျက်ရှိနေဆဲပါ။

​ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း အင်တိုက်အားတိုက် ပါဝင်ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒီလိုအနုပညာရှင်တွေထဲမှာဆိုရင် မအေးသောင်းလည်း အပါအဝင်ပါပဲ ။မအေးသောင်းက ဖေဖော်ဝါရီလအစထဲက ပြည်သူလူထုနဲ့အတူရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အရေးကြီးသတင်းတွေကိုလည်း သူမရဲ့အကောင့်မှာ အချိန်နဲ့တစ်ပြေးညီဖော်ပြလျက်ရှိပါတယ်။အခုလည်း လူနာများတင်ဖို့အတွက် ကားအဆင်မပြေဖြစ်နေတဲ့အသင်းကို ကားတစ်စီးလှူဒါန်းရန် သူကိုယ်တိုင် (၁၀) ကျပ်မတည်လှူဒါန်းရင်း လိုအပ်တဲ့ငွေများကိုလည်း သူရဲ့အကောင့်လေးမှာခုလိုရေးသားကာ အလှူခံလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။” ကယ်ဆယ်ရေးအဖွဲ့အတွက်တတ်နိုင်သလောက် လိုအပ်တာလေးတွေ လှူဖြစ်ပေမဲ့ အခုလူနာတွေတင်ဖို့ခေါ်ဖို့အတွက် ကားအဆင်မပြေတဲ့အသင်းကိုလှူချင်လို့ပါ။ ကားလေးတစ်စီးလှူဖို့ကျတော့တစ်ယောက်တည်းမတတ်နိုင်လို့အလှူခံပါတယ်။ ကျမ ကိုယ်တိုင် ၁၀ သိန်းကျပ်မတည်ပြီး အလှူငွေလည်းလက်ခံပါ့မယ်။ အားနာနာနဲ့ပဲဒီတခါတော့အလှူခံပါရစေရှင့် Chat box မှတဆင့်ဆက်သွယ်ပေးပါရှင့် “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Aye Thaung

Leave a Comment

Your email address will not be published. Required fields are marked *