Credit ;
ပရိတ်သတ်ကြီးရေ….MRTV 4 မှဇာတ်လမ်းတွဲများစွာကို သရုပ်ဆောင်ပီပြင်ပိုင်နိုင်စွာနဲ့ပါဝင်ရိုက်ကူးရင် ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိခဲ့တဲ့သူကတော့ မင်းသားချောစည်သူဝင်းပဲဖြစ်ပါတယ်နော်။စည်သူဝင်းက လတ်တလော လူမှုကွန်ယက်မှာပြန့်နှံ့နေတဲ့ယွန်းယွန်းနဲ့တိတ်တ်ိတ်ပုန်းတွဲနေကြတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေ နဲ့ အရင်ချစ်သူကောင်းမလေးကိုတောင်းပန်စကားဆိုလိုက်တာပဲဖြစ်ပါတယ်နော်.။
စည်သူဝင်းက“အခုဖြစ်ပေါ်နေတဲ့ ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်ပြီး ကျွန်တော့ကိုအားပေးနေတဲ့ပရိတ်သတ်တွေ စိတ်အနှောက်အယှက်ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်။ကဲ ကိုလည်း အပြင်ကတောင်းပန်တာလက်မခံတဲ့အတွက် ဒီကနေဘဲတောင်းပန်ပါတယ် မှားခဲ့ပါတယ် စိတ်ဒဏ်ရာရအောင်လုပ်မိခဲ့ပါတယ်။ကဲနဲ့အဆင်မပြေတဲ့အချိန်မှာ ဒီလိုကိစ္စတွေဖြစ်ခဲ့ပြီး ရပ်သင့်တဲ့အချိန်မှာ မရပ်နိုင်ခဲ့တာလည်းကို့အမှားတွေပါဘဲ ပြီးတော့ကဲကိုလိုက်နှောက်ယှက်နေတာမဟုတ်ပါဘူး တောင်းပန်စကားပြောချင်တာပါ ကို့အပစ်အတွက်ပေးဆပ်ဖို့လည်းအသင့်ပါဘဲ။ဒီကိစ္စမှာပါဝင်နေတဲ့တစ်ဖက် မိန်းကလေးကိုလည်းတကယ်အားနာပါ တယ်။
အားလုံးကကျွန်တော့အပစ်ကျွန်တော့အမှားပါ အားလုံးကိုလည်းတောင်းပန်ပါတယ်။အခုဖြစ်သွားတဲ့ကိစ္စတွေကကျွန်တော်ဘက်ကအမှားမလုပ်ဖူးဆို ဖြစ်လာမှာမဟုတ်တဲ့အတွက်ကြောင့် နောက်ထပ်ဒီလိုကိစ္စလည်းထပ်ဖြစ်စရာမရှိလောက်အောင်နောင်တလည်းရနေပါပြီ။ပြီးတော့ဒီလိုနိုင်ငံရေးအခြေနေအဆင်မပြေတဲ့ကြားက ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတဲ့သူတစ်ယောက်ခြင်းစီကိုလည်းတောင်းပန်ပါတယ် ” ဆိုပြီး စည်သူဝင်းကသူ့ရဲ့လူမှုကွန်ယက်ကနေတောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်နော်.။ဒီကိစ္စနဲ့ပတ်သက်ပြီး စည်သူဝင်းအပေါ်ပရိတ်သတ်တွေရဲ့အမြင်ကိုလည်းပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့လေးတစ်နေ့ကိုပိုင် ဆိုင်နိုင်ပါစေ။
Credit ;
Leave a Comment
Your email address will not be published. Required fields are marked *