လတ်တလောရေပန်းအစားဆုံး K Drama ဇာတ်ကားကတော့ Penthouse war in life ဆိုတဲ့ ဇာတ်ကားပါပဲ။ သီချင်းဆိုတာ ဝါသနာပါပြီး အနုပညာကျောင်းကိုတက်ရောက်နေတဲ့ ဇာတ်ကောင်ကလေးတွေရဲ့သီချင်းဆိုဟန်ဟာ ကြည့်မိသူတိုင်းအတွက်လည်း တကယ့်ကို နားဝင်ပီယဖြစ်လွန်းပါတယ်။ ရီရီကလည်း Penthouse ရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့ပြီး ကလေးတွေရဲ့သီချင်းဆိုသံကို လိုက်ပြီးလေ့ကျင့်ခဲ့ပါတယ်။

ဂန္တဝင်တေးသီချင်းတွေရဲ့ အရှိုက် အဖို အဆွဲ အငင်တွေကို ရီရီက ဇာတ်ကားထဲကသီချင်းသံ တွေနားထောင်ရင်း မရမကလိုက်ဆိုနေခဲ့ တာပါ။ စိန်ဖြိုးကတော့ ချစ်သူလေးရဲ့ကြိုးစားမှုကို သဘောတကျနဲ့ ဗီဒီယိုရိုက်ရင်း ရီရီ့ကိုဆေးထိုးလိုက်တာပါ။ စိန်ဖြိုးရိုက်နေတာကို အစပိုင်းမှာ မသိဘဲ ရီရီတစ်ယောက် အပြင်းအထန်သီချင်းဆိုနေခဲ့ပါသေးတယ်။

ဒီနောက်မှာတော့ရိပ်မိသွားပြီး ရယ်ရယ်မောမောနဲ့ ဗီဒီယိုမရိုက်ဖို့ပြောခဲ့ပါသေးတယ်။ နှစ်ယောက်သားရဲ့ချစ်စရာအခိုက်အတန့်လေး ကို ” Penthouse ကြည့်ပြီးရင် လူတိုင်းက အဲ့လိုပဲလား၊ ဒီမှာတော့ တစ်ချိန်လုံးအော်နေလို့ နားတွေလဲငြီးလှပါပြီ ” ဆိုပြီး စိန်ဖြိုးက ဝေမျှခဲ့ပါတယ်။ ချစ်စရာစုံတွဲလေး သက်ဆုံးတိုင်ပျော်ရွှင်ပါစေ။

Credit – Cele Zone
Photo – Sein Phyo & Yi




Credit – Cele Zone
Photo – Sein Phyo & Yi