Hip Hop အဆိုေတာ္ နိုင္းဝမ္းကေတာ့ သူအရမ္းခ်စ္ရတဲ့ သူ႔ခ်စ္သူမိန္းကေလးနဲ့ သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အခ်စ္ေရးတစ္ခု (၁၁) နွစ္ေက်ာ္တိုင္ တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ နိုင္းဝမ္းကေတာ့ သူ့ရဲ့အခ်စ္ေရးနဲ့ ပက္သက္ျပီး ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထားခဲ့တာျဖစ္ျပီး အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးကလည္း နုိင္းဝမ္းတို့ ခ်စ္သူနွစ္ေယာက္အေၾကာင္းကို အစအလည္အဆံုး သိရိွျပီးသားျဖစ္ပါတယ္။ဒီဇင္ဘာလ (၉) ရက္ေန့မွာေတာ့ နုိင္းဝမ္းက သူ့ရဲ့ခ်စ္သူနဲ့ တရားဝင္လက္ထပ္ျပီး ေရႊလက္တြဲခဲ့ျပီပဲ ျဖစ္ပါတယ္..။

အဆိုေတာ္ နုိင္းဝမ္းက သူ့ရဲ့ မဂၤလာပြဲေလးနဲ့ ပက္သတ္ျပီး “ လက္ထပ္ထိမ္းျမားၿပီးစီးျခင္း ” ကြၽန္ေတာ္ ေမာင္ေက်ာ္ဇင္လတ္(ခ) ႏိုင္းဝမ္း ႏွင့္ မေမမ်ိဳးသူေက်ာ္ တို႔သည္ ၉.၁၂.၂၀၂၀ (အမ်ိဳးသားေန႔) တြင္ ေဒၚစိုးခက္ခက္ ( တရားလႊတ္ေတာ္တရားသူႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးတရားလြတ္ေတာ္ ) ႏွင့္ ႏွစ္ဘက္ေသာမိဘေဆြမ်ိဳးမ်ား၏ေရွ႕ေမွာက္တြင္ တရားဝင္လက္မွတ္ေရးထိုး၍ လက္ထပ္ၿပီးစီးပါေၾကာင္း ေၾကျငာအပ္ပါသည္။ ကိုဗစ္ကာလျဖစ္လို႔ မိတ္ေဆြသူငယ္ခ်င္းမ်ားအား မဂၤလာပြဲသို႔ဖိတ္ၾကားဖို႔မျဖစ္ႏိုင္ခဲ့ေသာ္လည္း လက္ဖြဲ႕ပစၥည္းမ်ားေပးပို႔ေပးၾကပါေသာ၊ မဂၤလာဆုမြန္ေကာင္းေတာင္းေပးၾကပါေသာ အနယ္နယ္အရပ္ရပ္မွ မိတ္ေဆြသဂၤဟမ်ားႏွင့္ ခ်စ္ပရိတ္သတ္မ်ားအားလုံးအားလုံးကို လႈိုက္လွဲစြာေက်းဇူးတင္ရွိပါေၾကာင္းေၾကျငာအပ္ပါတယ္ခင္ဗ်ာ🙏🏻🙏🏻🙏🏻 ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အသိေပးလာခဲ့ပါတယ္..။

အဆိုေတာ္ နိုင္းဝမ္းကေတာ့ သူ့ရဲ့ ခ်စ္သူေလးနဲ့ ဘဝတစ္သက္စာ ေရႊလက္တြဲျမဲခဲ့ျပီပဲ ျဖစ္ပါတယ္။ နိုင္းဝမ္းတို့ ဇနီးေမာင္နွံနွစ္ေယာက္ ယေန့မွာစ နွစ္တစ္ရာတိုင္ ေပ်ာ္ရႊင္စြာေပါင္းဖက္နိုင္ျပီး သားသားမီးမီးေလးေတြအမ်ားၾကီး ထြန္းကားနုိင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

Hip Hop အဆိုတော် နိုင်းဝမ်းကတော့ သူအရမ်းချစ်ရတဲ့ သူ့ချစ်သူမိန်းကလေးနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးတစ်ခု (၁၁) နှစ်ကျော်တိုင် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့အချစ်ရေးနဲ့ ပက်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားခဲ့တာဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း နိုင်းဝမ်းတို့ ချစ်သူနှစ်ယောက်အကြောင်းကို အစအလည်အဆုံး သိရှိပြီးသားဖြစ်ပါတယ်။ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ နိုင်းဝမ်းက သူ့ရဲ့ချစ်သူနဲ့ တရားဝင်လက်ထပ်ပြီး ရွှေလက်တွဲခဲ့ပြီပဲ ဖြစ်ပါတယ်..။

အဆိုတော် နိုင်းဝမ်းက သူ့ရဲ့ မင်္ဂလာပွဲလေးနဲ့ ပက်သတ်ပြီး “ လက်ထပ်ထိမ်းမြားပြီးစီးခြင်း ” ကျွန်တော် မောင်ကျော်ဇင်လတ်(ခ) နိုင်းဝမ်း နှင့် မမေမျိုးသူကျော် တို့သည် ၉.၁၂.၂၀၂၀ (အမျိုးသားနေ့) တွင် ဒေါ်စိုးခက်ခက် ( တရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော် ) နှင့် နှစ်ဘက်သောမိဘဆွေမျိုးများ၏ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုး၍ လက်ထပ်ပြီးစီးပါကြောင်း ကြေငြာအပ်ပါသည်။ ကိုဗစ်ကာလဖြစ်လို့ မိတ်ဆွေသူငယ်ချင်းများအား မင်္ဂလာပွဲသို့ဖိတ်ကြားဖို့မဖြစ်နိုင်ခဲ့သော်လည်း လက်ဖွဲ့ပစ္စည်းများပေးပို့ပေးကြပါသော၊ မင်္ဂလာဆုမွန်ကောင်းတောင်းပေးကြပါသော အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေသင်္ဂဟများနှင့် ချစ်ပရိတ်သတ်များအားလုံးအားလုံးကို လှိုုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻 ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်..။

အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ ချစ်သူလေးနဲ့ ဘဝတစ်သက်စာ ရွှေလက်တွဲမြဲခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းတို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှာစ နှစ်တစ်ရာတိုင် ပျော်ရွှင်စွာပေါင်းဖက်နိုင်ပြီး သားသားမီးမီးလေးတွေအများကြီး ထွန်းကားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Kyaw Zin Latt’s fb
Bilie – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *