


Source: Nay Toe’s fb

တစ်နိုင်ငံလုံးက ချစ်တဲ့ မင်းသားချော နေတိုးကတော့ သူ့ရဲ့ အနုပညာအရည်အချင်းကြောင့်သာမကပဲ ကြည်ငြိမ်ရင့်ကျက်ပြီး လေးစားဖွယ်ရာစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ ကိုဗစ်ရောဂါအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားခဲ့သလို လက်ရှိမှာလည်း ပြည်တွင်းနိုင်ငံရေးအခြေအနေတွေမတည်မငြိမ်ဖြစ်နေတာကြောင့် ပြည်သူလူထုနဲ့ တသားတည်းရှိနေပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေတိုးက တစ်နိုင်ငံလုံးက လေးစားချစ်ခင်ရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုပေးလာတာကို တွေ့ရပါတယ်။

“ဗိုလ်ချုပ်မရှိ​တော့​​ပေမယ့် ဗိုလ်ချုပ်ရဲ့ခံယူချက်​တွေယုံကြည်ချက်​တွေဟာပြည်သူ​တွေရဲ့ရင်ထဲနှလုံးသားထဲမှာထာဝရရှိ​နေတုန်းပဲဆိုတာ ​ရောက်ရာဘုံဘဝက ဗိုလ်ချုပ်မြင်နိုင်ကြားနိုင်ပါ​စေ… “ဖေ​ဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ။ တစ်ထောင့်ကိုးရာ တစ် ဆယ့်ငါး။ ရှေ ​နေ ဦးဖာသား ဇာတိနတ်မောက် မကွေးခရိုင် သိကြအများ ခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား.” ဗိုလ်ချုပ်၏ ရဲရင့်သောစိတ်ဓာတ်၊ မဆုတ်မနှစ် ကြိုးပမ်းတတ်သော စိတ်၊ ဖြောင့်မတ်သောစိတ်ထားတို့ကို ခေတ်အဆက်ဆက် လူငယ် အားလုံး အစဉ်အမြဲ လေးစားအတုယူရင်း ဗိုလ်ချုပ်၏ (106) နှစ်ပြည့်မွေးနေ့ကို မြန်မာနိုင်ငံသားအားလုံးနဲ့အတူ အမြဲဂုဏ်ယူလေးစားလျှက်ပါ❤….​နေတိုး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

နေတိုးကတော့ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက လေးစားရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အတွက် ဂုဏ်ပြုပေးလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Nay Toe’s fb
Credit – Cele Connections