ပရိတ်သက်ကြီးရေ မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။ ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာ ရတာ ဖြစ်ပါ တယ်။

ခြူးလေးက အခုလိုအောင်မြင်မှုတွေရရှိလာအောင်အောက်ခြေကနေကြိုးစားရုန်းကန်ခဲ့ရတဲ့သူလေးဖြစ်ပြီး မကြာသေးမီကတော့ သူမရဲ့ Facebookစာမျက်နှာမှာ ၀မ်းနည်းစရာအကြောင်းလေးကိုရေးသားလာပါတယ်။ “ဒီနေ့ ဒီချိန်လေး ပေါ့ ……..မေမေ လောကကြီးကို စွန့်ခွါ သွားတာ ၁၀ နှစ်ရှိသွားပြီ ……. လွန်ခဲ့တဲ့ ၁၀ နှစ် ဂျူလိုင်လ ၂ ရက်​နေ့ နေ့လည် ချိန် မိုးကလည်း အရှိန်နဲ့ ကောင်းနေတုန်း …… ၁၁နှစ်သားမောင်လေးကလည်း ဘုရားစင်ရှေ့ ထိုင် ငိုရင်းပုတီးစိတ် …….ကျွန်မကလည်း ရှိသမျှ ဂါထာတွေ ရွတ်ရင်း မောင်လေးကို စိတ်ချနော် လို့ ကတိတွေ ပေးရင်း …. မေမေ နှုတ်ခမ်းဖျားကနေ အသက် ထွက်သွားခဲ့တယ်။

အိမ်တစ်အိမ်ရဲ့ သမီးကြီးဖြစ်တဲ့ ကျွန်မ အသိနဲ့ သတိ ကို ကပ်ရင်း ….. ငိုတယ်ဆိုတာ ဘာမှန်းမသိ …… ခြေသလုံးလောက် မြုပ်နေတဲ့ မိုးရေတွေထဲ အပြေးသွားအိမ်ဘေးက ဖုန်းဆိုင်လေး မှာ …….မေမေ့ဆေးဖိုး မိသားစု စားဝတ်နေရေးအတွက် ငွေရှာနေတဲ့ မေမေ့ အသက်တောင်မမှီလိုက်တဲ့ ဖေဖေ့ ကို အကြောင်းကြား …..မောင်နှ မနှစ်ယောက် အဖေကိုတရားပြန်ဟော …. ရှိသမျှ အမျိုးတွေ ဆီ အကြောင်းကြား ….. ရပ်ကွက်လူကြီး ဆီအကြောင်းကြားရင်း …. ထုံးတမ်းစဉ်လာအရ လုပ်ရတဲ့ နာရေး …… ဆွေမျိုး မိသားစု များ ရဲ့ အကူအညီ နဲ့ မဏ္ဍပ် ထိုး မီးတွေဆင်လည်း ကိုယ်တိုင်ယပ်တောင် ဖိတ်စာ ရေဗူး လုပ်လည်း ကိုယ်တိုင် နေကြာစေ့ ကွာစေ့ က အစ ကိုယ်တိုင် နောက်ဆုံး ၇ ရက်ပြည့် အမျှပေးတဲ့ နေ့ထိ ဆွေမျိုး များပြန်သွားတဲ့ ထိ ဆိုပါတော့ ……။

ကျွန်မ ငိုဖို့ သတိရပြီ ဒါပေမဲ့ ကျွန်မ မငိုဖြစ်လိုက်ပါ ​ဟာတာတာ နဲ့ ကျန်ခဲ့တဲ့ အိမ်ထဲ … ကျွန်မ ဖျားလို့နေခဲ့ပါတယ် …… ( One Year Later )မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ နာရေး လိုက်ပို့ ဖြစ်တဲ့နေ့မှာ …. ကျွန်မ အရူးတစ်ယောက်လို လွတ်ပြီး ငိုခဲ့မိပါတယ် …. အဲ့နေ့က မှ လွန်ခဲ့တဲ့ တစ်နှစ်က ရင်ထဲက တင်းထားတဲ့ စိတ်တွေလျော့ကျပြီး ကျွန်မ ငိုနိုင်သွားခဲ့တယ် ……

ဒါပေမဲ့ ဒီနေ့ ဒီချိန်ထိ ကျွန်မ ရင်ထဲမှာ ကျွန်မရဲ့ မေမေ ဟာ အသက်ရှင်လျက် ရှိနေပါသေးတယ် …….မေမေနဲ့ နှစ်ယောက်ထဲ ရိုက်ထားတဲ့ ဓါတ်ပုံလေး တစ်ပုံတောင် မရှိပေမဲ့ လည်းပေါ့ …….. 🙏🙏🙏” ဆိုပြီး ရင့်နင့်ဖွယ်ရေးသားလာခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးကြောင့် ပရိသတ်တွေကလည်းခြူးလေးကို နှစ်သိမ့်အားပေးနေကြတာ ကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit: mmload

ပရိတ်သက်ကြီးရေ မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။ ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာ ရတာ ဖြစ်ပါ တယ်။

ခြူးလေးက အခုလိုအောင်မြင်မှုတွေရရှိလာအောင်အောက်ခြေကနေကြိုးစားရုန်းကန်ခဲ့ရတဲ့သူလေးဖြစ်ပြီး မကြာသေးမီကတော့ သူမရဲ့ Facebookစာမျက်နှာမှာ ၀မ်းနည်းစရာအကြောင်းလေးကိုရေးသားလာပါတယ်။ “ဒီနေ့ ဒီချိန်လေး ပေါ့ ……..မေမေ လောကကြီးကို စွန့်ခွါ သွားတာ ၁၀ နှစ်ရှိသွားပြီ ……. လွန်ခဲ့တဲ့ ၁၀ နှစ် ဂျူလိုင်လ ၂ ရက်​နေ့ နေ့လည် ချိန် မိုးကလည်း အရှိန်နဲ့ ကောင်းနေတုန်း …… ၁၁နှစ်သားမောင်လေးကလည်း ဘုရားစင်ရှေ့ ထိုင် ငိုရင်းပုတီးစိတ် …….ကျွန်မကလည်း ရှိသမျှ ဂါထာတွေ ရွတ်ရင်း မောင်လေးကို စိတ်ချနော် လို့ ကတိတွေ ပေးရင်း …. မေမေ နှုတ်ခမ်းဖျားကနေ အသက် ထွက်သွားခဲ့တယ်။

အိမ်တစ်အိမ်ရဲ့ သမီးကြီးဖြစ်တဲ့ ကျွန်မ အသိနဲ့ သတိ ကို ကပ်ရင်း ….. ငိုတယ်ဆိုတာ ဘာမှန်းမသိ …… ခြေသလုံးလောက် မြုပ်နေတဲ့ မိုးရေတွေထဲ အပြေးသွားအိမ်ဘေးက ဖုန်းဆိုင်လေး မှာ …….မေမေ့ဆေးဖိုး မိသားစု စားဝတ်နေရေးအတွက် ငွေရှာနေတဲ့ မေမေ့ အသက်တောင်မမှီလိုက်တဲ့ ဖေဖေ့ ကို အကြောင်းကြား …..မောင်နှ မနှစ်ယောက် အဖေကိုတရားပြန်ဟော …. ရှိသမျှ အမျိုးတွေ ဆီ အကြောင်းကြား ….. ရပ်ကွက်လူကြီး ဆီအကြောင်းကြားရင်း …. ထုံးတမ်းစဉ်လာအရ လုပ်ရတဲ့ နာရေး …… ဆွေမျိုး မိသားစု များ ရဲ့ အကူအညီ နဲ့ မဏ္ဍပ် ထိုး မီးတွေဆင်လည်း ကိုယ်တိုင်ယပ်တောင် ဖိတ်စာ ရေဗူး လုပ်လည်း ကိုယ်တိုင် နေကြာစေ့ ကွာစေ့ က အစ ကိုယ်တိုင် နောက်ဆုံး ၇ ရက်ပြည့် အမျှပေးတဲ့ နေ့ထိ ဆွေမျိုး များပြန်သွားတဲ့ ထိ ဆိုပါတော့ ……။

ကျွန်မ ငိုဖို့ သတိရပြီ ဒါပေမဲ့ ကျွန်မ မငိုဖြစ်လိုက်ပါ ​ဟာတာတာ နဲ့ ကျန်ခဲ့တဲ့ အိမ်ထဲ … ကျွန်မ ဖျားလို့နေခဲ့ပါတယ် …… ( One Year Later )မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ နာရေး လိုက်ပို့ ဖြစ်တဲ့နေ့မှာ …. ကျွန်မ အရူးတစ်ယောက်လို လွတ်ပြီး ငိုခဲ့မိပါတယ် …. အဲ့နေ့က မှ လွန်ခဲ့တဲ့ တစ်နှစ်က ရင်ထဲက တင်းထားတဲ့ စိတ်တွေလျော့ကျပြီး ကျွန်မ ငိုနိုင်သွား ခဲ့တယ် ……