ယခုအချိန်ထိနုပျိုနေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ ကိုလည်း အပြည့်ဝရရှိထားသူကတော့ သရုပ်ဆောင်စည်သူမောင်ပဲဖြစ်ပါတယ်။တည်ငြိမ်ခန့်ညားကာ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်ပြီး စိတ်သဘောထား ဖြူစင်သူတစ်ယောက်ဖြစ်လို့ ချစ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထား သူလည်းဖြစ်ပါတယ်။ ဘာသာတရားလည်းရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ကာ အလှူတန်းများကိုလည်း ကိုယ့်ရဲ့ချွေးနည်းစာထဲကနေ အမြဲလှူဒါန်းနေသူ တစ်ယောက်ပါ ။

ဒီနေ့မှာတော့ လွန်ခဲ့တဲ့ (၂) နှစ်က လေယာဉ်စက် ချို့ယွင်းကာ accident ဖြစ်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ရပုံလေးကို ခုလိုပြောပြလာတာဖြစ်ပါတယ်။ ” လွန်ခဲ့သော ၂ နှစ်က ဒီနေ့ လိုနေ့မျိုး ဘဝမှာ နောက်ထပ်တစ်ကြိမ် ရှင်သန်ခွင့်ရတဲ့နေ့..MNA ရဲ့ Yangoon-Mandalay ခရီးစဉ်မှာ လေယာဉ်ရှေ့ဘီး Nose Wheel Landing Gear ချို့ယွင်းမှုကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့ Emergency Landing မှာ ဘေးမသီရန်မခ သေကံမရောက်သက်မပျောက်ပဲ ပြန်ပြီးရှင်သန်ခွင့်ရတဲ့နေ့ ။

ဘုရား တရား သံဃာ အန္တနောအန္တနငါးပါး ဂုဏ်ကျေးဇူးနဲ့ လေယာဉ်မှူးကြီး ကိုမြတ်မိုးအောင် Myat Moe တို့ရဲ့ ကျေးဇူးတွေကို အမြဲ သတိတရရှိလျှက်ပါ…ကဲ ဒီလို အသက်ဘေးကတောင် အောင်မြင်အောင်ကျော်လွှားနိုင်ခဲ့တာ ကျန်တာတွေကတော့ အေးဆေးပါပဲ ဆက်ပြီးအောင်မြင်အောင် ကျော်လွှားသွ ားပါ့မယ် “ဆိုပြီးရေးသားကာပုံလေးတွေနဲ့တကွဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Si Thu Maung

ယခုအခ်ိန္ထိႏုပ်ိဳေနၿပီး ပရိသတ္ေတြရဲ့အားေပးမႈေတြ ကိုလည္း အျပည့္ဝရရွိထားသူကေတာ့ သ႐ုပ္ေဆာင္စည္သူေမာင္ပဲျဖစ္ပါတယ္။တည္ၿငိမ္ခန႔္ညားကာ ပြင့္ပြင့္လင္းလင္းေျပာဆိုေနထိုင္တတ္ၿပီး စိတ္သေဘာထား ျဖဴစင္သူတစ္ေယာက္ျဖစ္လို႔ ခ်စ္ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈေတြကိုလည္း အခိုင္အမာရရွိထား သူလည္းျဖစ္ပါတယ္။ ဘာသာတရားလည္းရိုေသကိုင္းရွိုင္းသူတစ္ေယာက္ျဖစ္ကာ အလႉတန္းမ်ားကိုလည္း ကိုယ့္ရဲ့ေခၽြးနည္းစာထဲကေန အျမဲလႉဒါန္းေနသူ တစ္ေယာက္ပါ ။

ဒီေန႔မွာေတာ့ လြန္ခဲ့တဲ့ (၂) ႏွစ္က ေလယာဥ္စက္ ခ်ိဳ႕ယြင္းကာ accident ျဖစ္ၿပီး အသက္ေဘးက လြတ္ေျမာက္ခဲ့ရပုံေလးကို ခုလိုေျပာျပလာတာျဖစ္ပါတယ္။ ” လြန္ခဲ့ေသာ ၂ ႏွစ္က ဒီေန႔ လိုေန႔မ်ိဳး ဘဝမွာ ေနာက္ထပ္တစ္ႀကိမ္ ရွင္သန္ခြင့္ရတဲ့ေန႔..MNA ရဲ့ Yangoon-Mandalay ခရီးစဥ္မွာ ေလယာဥ္ေရွ႕ဘီး Nose Wheel Landing Gear ခ်ိဳ႕ယြင္းမႈေၾကာင့္ ဘာမဆိုျဖစ္သြားနိုင္တဲ့ Emergency Landing မွာ ေဘးမသီရန္မခ ေသကံမေရာက္သက္မေပ်ာက္ပဲ ျပန္ၿပီးရွင္သန္ခြင့္ရတဲ့ေန႔ ။

ဘုရား တရား သံဃာ အႏၲေနာအႏၲနငါးပါး ဂုဏ္ေက်းဇူးနဲ႔ ေလယာဥ္မႉးႀကီး ကိုျမတ္မိုးေအာင္ Myat Moe တို႔ရဲ့ ေက်းဇူးေတြကို အျမဲ သတိတရရွိလၽွက္ပါ…ကဲ ဒီလို အသက္ေဘးကေတာင္ ေအာင္ျမင္ေအာင္ေက်ာ္လႊားနိုင္ခဲ့တာ က်န္တာေတြကေတာ့ ေအးေဆးပါပဲ ဆက္ၿပီးေအာင္ျမင္ေအာင္ ေက်ာ္လႊားသြ ားပါ့မယ္ “ဆိုၿပီးေရးသားကာပုံေလးေတြနဲ႔တကြေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Si Thu Maung