ပရိသတ္ေတြ “ဆိုဆို” လို့ ခ်စ္စနိုးနဲ့ ေခၚၾကတဲ့ မင္းသမီးေခ်ာေလး ဝါဆိုမိုးဦးကေတာ့ ငယ္စဥ္ကတည္းက ကေလးသရုပ္ေဆာင္ တစ္ေယာက္အျဖစ္ အနုပညာေလာကထဲမ်ာ က်င္လည္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဝါဆိုမိုးဦးကေတာ့ အခုခ်ိန္ထိလည္း ေအာင္ျမင္တဲ့ အနုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနဆဲျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ခံယူထားနိုင္ဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဝါဆိုမိုးဦးကို ခ်စ္တဲ့စိတ္နဲ့ သူမရဲ့ အနုပညာလႈပ္ရွားမ ႈေတြအျပင္ ေန့စဥ္ေနထိုင္မႈပံုစံကိုပါ အားေပးၾကတာပဲ ျဖစ္ပါတယ္။

လက္ရိွကိုဗစ္ကာလမွာ အနုပညာလႈပ္ရွားမႈေတြေလွ်ာ့ခ်ထားတဲ့ ဝါဆိုမိုးဦးက အိမ္မွာပဲ မိသားစုနဲ့အတူတူ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကို ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ မေန့က ဇန္နဝါရီလ (၄) ရက္ေန့ လြတ္လပ္ေရးေန့မွာလည္း ဝါဆိုမိုးဦးက အိမ္ထဲကအိမ္ျပင္မထြက္ပဲ မိသားစုနဲ့ ေပ်ာ္ပြဲရႊင္ပြဲျပဳလုပ္ျပီး ကစားနည္းေပါင္းစံုေဆာ့ကစားခဲ့ၾကျပီး ပရိသတ္ေတြအတြက္ သူတို့မိသားစုေလးရဲ့ ေပ်ာ္စရာအခိုက္အတံ့ေတြကို အခုလိုမ်ိဳးပဲ မွ်ေဝေပးလာခဲ့ပါတယ္။

ဝါဆိုမိုးဦးတို့ကေတာ့ ျမန္မာလူမ်ိဳးေတြပီပီ လြတ္လပ္ေရးရတဲ့ေနထူးေန့ျမတ္မွာ ေပ်ာ္ပြဲရႊင္ပြဲ အားကစားပြဲေတြျပဳလုပ္ျပီး ေပ်ာ္ရႊင္စြာျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဝါဆိုမိုးဦးရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Warso Moe Oo’s fb
Credit – Cele Connections

ပရိသတ်တွေ “ဆိုဆို” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲမျာ ကျင်လည်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ အခုချိန်ထိလည်း အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ခံယူထားနိုင်ဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝါဆိုမိုးဦးကို ချစ်တဲ့စိတ်နဲ့ သူမရဲ့ အနုပညာလှုပ်ရှားမ ှုတွေအပြင် နေ့စဉ်နေထိုင်မှုပုံစံကိုပါ အားပေးကြတာပဲ ဖြစ်ပါတယ်။

လက်ရှိကိုဗစ်ကာလမှာ အနုပညာလှုပ်ရှားမှုတွေလျှော့ချထားတဲ့ ဝါဆိုမိုးဦးက အိမ်မှာပဲ မိသားစုနဲ့အတူတူ ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့မှာလည်း ဝါဆိုမိုးဦးက အိမ်ထဲကအိမ်ပြင်မထွက်ပဲ မိသားစုနဲ့ ပျော်ပွဲရွှင်ပွဲပြုလုပ်ပြီး ကစားနည်းပေါင်းစုံဆော့ကစားခဲ့ကြပြီး ပရိသတ်တွေအတွက် သူတို့မိသားစုလေးရဲ့ ပျော်စရာအခိုက်အတံ့တွေကို အခုလိုမျိုးပဲ မျှဝေပေးလာခဲ့ပါတယ်။

ဝါဆိုမိုးဦးတို့ကတော့ မြန်မာလူမျိုးတွေပီပီ လွတ်လပ်ရေးရတဲ့နေထူးနေ့မြတ်မှာ ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေပြုလုပ်ပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါဆိုမိုးဦးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Warso Moe Oo’s fb
Credit – Cele Connections