မဂၤလာပါ ပရိတ္သတ္ၾကီးေရ…..ထက္ေအာင္ရွိုင္းကေတာ့ ျမန္မာနိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူနဲ႔အတူရပ္တည္ကာ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ပါဝင္ခဲ့သူတစ္ေယာက္ပါ ။ေန႔စဥ္တိုင္း လမ္းေပၚထြက္ကာ ရဲရဲရင့္ရင့္ ဆႏၵထုတ္ေဖာ္ခဲ့သူတစ္ေယာက္ျဖစ္သလို သူရဲ့ ေဖ့ဘြတ္အေကာင့္မွာလည္း ျမန္မာနိုင္ငံမွာေန႔စဥ္ျဖစ္ပ်က္သမၽွေတြကို ကမၻာသိေအာင္ အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပေပးခဲ့တာလည္းေတြ႕ရပါတယ္။

ဒါ့အျပင္ ဆႏၵထုတ္ေဖာ္ၾကတဲ့ ျပည္သူေတြအတြက္ အစားအေသာက္မ်ားနဲ႔ လိုအပ္တဲ့ အကာအကြယ္ပစၥည္းမ်ားကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။အခုဆိုလည္း ေတာ္လွန္ေရးႀကီးမွာ အသက္ေပးကာ တိုက္ပြဲဝင္သြားၾကတဲ့ လွိုင္သာယာက အာဇာနည္သူရဲေကာင္းေတြရဲ့ မိသားစုဆီကို အလႉေငြမ်ားသြားေရာက္လႉဒါန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပုံေလးေတြတိုင္းမွာ ေၾကကြဲဝမ္းနည္းေနတဲ့မိသားစုေတြကိုၾကည့္ၿပီး ထပ္တူစိတ္မေကာင္းျဖစ္မိသလို ကိုယ္တိုင္ အခက္အခဲေတြၾကားကေန သြားေရာက္လႉတန္းခဲ့တဲ့ ထက္ေအာင္ရွိုင္းရဲ့ စိတ္ဓာတ္ကိုလည္း ေလးစားမိတာအမွန္ပါပဲ။ပရိသတ္ႀကီးအတြက္ ပုံေလးေတြေဝမၽွေပးရင္း အားလုံးေဘးရန္ကင္းရွင္းၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Htet Aung Shine

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..ထက်အောင်ရှိုင်းကတော့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူနဲ့အတူရပ်တည်ကာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ခဲ့သူတစ်ယောက်ပါ ။နေ့စဉ်တိုင်း လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို သူရဲ့ ဖေ့ဘွတ်အကောင့်မှာလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းတွေ့ရပါတယ်။

ဒါ့အပြင် ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေအတွက် အစားအသောက်များနဲ့ လိုအပ်တဲ့ အကာအကွယ်ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။အခုဆိုလည်း တော်လှန်ရေးကြီးမှာ အသက်ပေးကာ တိုက်ပွဲဝင်သွားကြတဲ့ လှိုင်သာယာက အာဇာနည်သူရဲကောင်းတွေရဲ့ မိသားစုဆီကို အလှူငွေများသွားရောက်လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ပုံလေးတွေတိုင်းမှာ ကြေကွဲဝမ်းနည်းနေတဲ့မိသားစုတွေကိုကြည့်ပြီး ထပ်တူစိတ်မကောင်းဖြစ်မိသလို ကိုယ်တိုင် အခက်အခဲတွေကြားကနေ သွားရောက်လှူတန်းခဲ့တဲ့ ထက်အောင်ရှိုင်းရဲ့ စိတ်ဓာတ်ကိုလည်း လေးစားမိတာအမှန်ပါပဲ။ပရိသတ်ကြီးအတွက် ပုံလေးတွေဝေမျှပေးရင်း အားလုံးဘေးရန်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Htet Aung Shine

Leave a Comment

Your email address will not be published. Required fields are marked *