တစ်နိုင်ငံလုံးက ပရိသတ်တွေ ရင်ခုန်စွာနဲ့ အားပေးခဲ့ကြတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံး Grand Final မှာ တစ်ယောက်တည်းကျန်တဲ့ မိန်းကလေးပြိုင်ပွဲဝင် ခင်ရတနာစိုးကလည်း သူမကျွမ်းကျင်ရာ အဆိုပညာနဲ့ ဆိုင်းပညာကို ကောင်းကောင်းအသုံးချပြီး ပရိသတ်တွေကို အံ့သြမှင်သက်ေ စခဲ့တာ ဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ ကံမကောင်းစွာနဲ့ Winner ဆုကြီးကို လွဲချော်ခဲ့ရပေမယ့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းကြုံးရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
Winner ဆုနဲ့ လွဲချော်ခဲ့တဲ့ ခင်ရတနာစိုးက သူမအနေနဲ့ ဂီတလမ်းကြောင်းမှာ ဆက်လက်လျှောက် လှမ်းနေမှာဖြစ်ပြီး “ကျွန်မကို ဝုန်းခဲ့ကြတဲ့ ရှင်တို့ပဲ ပိုအောင်မြင်အောင် ကြိုးစားကြပါ။ ကျွန်မကတော့ ဒီလမ်းကြောင်းပေါ်မှာ ရှိနေဦးမှာ.. ခင်ရတနာစိုး ဘာလဲပြမယ်။ ဆုံကြဦးမှာပါ။ အနုပညာသံသရာစက်ကွင်းထဲ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
ခင်ရတနာစိုးကတော့ Winner ဆုရခြင်း၊ မရခြင်းထက် တစ်ဖက်စောင်းနင်း အပြစ်ပြောကြသူတွေကိုပဲ သတိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ရတနာစိုးတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းမှာ ပြစ်တင်ဝေဖန်သူတွေနဲ့ ကင်းကွာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Khin Yadanar Soe’s fb
Credit – Cele Connections