အရောင်အဆင်းအမျိုးမျိုးရှိပြီး ချစ်စရာအသွင်ရှိကြတဲ့ လိပ်ပြာလေးတွေ ပန်းလေးတွေပေါ်ဝဲပျံနေတာကိုမြင်ရတဲ့အခါ မကြည်နူးတဲ့လူရယ်လို့မရှိပါဘူး။

လူတော်တော်များများကလိပ်ပြာတွေဟာ ပန်းဝတ်ရည်ကိုသာစုပ်ယူစားသုံးတယ်လို့သိကြတာပါ။
အမှန်တော့ လိပ်ပြာမဖြစ်ခင် ခူကောင်ဘဝမှာ သစ်ပင်ကအရွက်တွေကိုစားပြီးကြီးပြင်းခဲ့ကြပြီး လိပ်ပြာဘဝမှာ ပုရွက်ဆိတ်ငယ်တွေ ပိုးမွှားတွေနဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့တိရိစ္ဆာန် တွေ ၊ အသီးအရွက်တွေကိုသာမက တိရိစ္ဆာန် တွေရဲ့မစင်အပေါ်မှာပါ နားခိုပြီးစားသုံးကြ တယ်လို့သိရပါတယ်

လိပ်ပြာတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း ၅၆သန်းနဲ့ချီပြီးဖြစ် တည်နိုင်ပါတယ်
လိပ်ပြာတွေဟာ ပန်းဝတ်ရည်တွေကိုစုပ်ယူစားသုံးပေမယ့် သူတို့အတွက်အာဟာရမလုံလောက်တဲ့အခါ အခြားနေရာတွေကနေ ဆားဓာတ်ရရှိဖို့ စုပ်ယူကြတယ်လို့သိရပါတယ်

ဒါ့ကြောင့် လိပ်ပြာလေးတစ်ကောင် ကိုယ့်ခန္ဓာကိုယ်ပေါ်လာနားနေပြီဆိုရင်တော့ သတိထားဖို့လိုပါတယ်
ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆားဓာတ်လိုချင်တဲ့ အတွက် ကိုယ့်ခန္ဓာကိုယ်အတွင်း ချွေးတွေ သွေး ထဲကနေတစ်ဆင့် ဆိုဒီယမ်ကိုစုပ်ယူချင်တာ ဖြစ်နိုင်တာကြောင့်ပါ

ဒါပေမယ့် ဒီလိုစုပ်ယူချိန်မှာ သူ့ရဲ့သေးငယ်တဲ့ဝတ်ရည်စုပ်တံကြောင့် သင်ဘယ်လိုမှခံစားရမှာမဟုတ်တဲ့အပြင် ပန်းလေးတွေပေါ်မှာပဲ ဝေ့ဝဲလေ့ရှိတဲ့လိပ်ပြာလေးတွေက သင့်ဆီမှာလာရောက်ခိုနားတဲ့အတွက် သင်ဝမ်းသာနေမိမှာ အမှန်ပါပဲ

Credit ; ရွှေရောင်လမ်း
Photo – Original