


Creditး Famous Stars

ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သင်္ကြန်မိုးမင်းသားကြီး ဦးဇင်ဝိုင်းဟာဆိုရင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံအရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်နော်။လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ဦးဇင်ဝိုင်းကို ပုဒ်မ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ပီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လဲ အဆိုတော်ယုန်လေးရဲ့ သတင်းအမှားထုတ်လွင့်မူကြောင့် ဦးဇင်ဝိုင်းရဲ့အမှုကိစ္စမှာ အခက်အခဲတွေ့နေရတာပဲဖြစ်ပါတယ်.။သတင်းမှားလွှင့်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဦးဇင်ဝိုင်းရဲ့သားဖြစ်သူ ကြည်သာဌေးလွင်က အခုလိုပဲမေတ္တာရပ်ခံလာတာပဲဖြစ်ပါတယ်နော်…။” အခုအချိန်ထိ အဖေ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ သတင်းကြားတာက လွဲပြီး ဘာအဆက်အသွယ်မှ လုံးဝ မရပါဘူး။

တကယ်လို့ ပြန်လွှတ်ပေးဖို့ ရှိတယ်ဆိုရင်တောင် နှောင့်နှေးစေအောင် မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံပါတယ်”လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ရေးသားခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးကလည်း ဦးဇင်ဝိုင်းတစ်ယောက် အန္တရယ်ကင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်လာအောင် ဆုတောင်းပေးကြပါအုံးနော်…. ။ ဖတ်ရှုပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်…။

Source ; KyiThar Htay Lwin’s Facebook acc
Credit း Famous Stars