


Credit – CeleGabar
Source – ChanMyae MgCho

ပရိသတ်ကြီးရေ မောင်ချိုလေးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိပြီး အောင်မြင်တဲ့အဆိုတော်တစ်ယောက်နေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ မောင်ချိုလေးကတော့ သီချင်းတွေလည်း များစွာထွက်ရှိထားခဲ့ပြီး တေးစီးရီအယ်လ်ဘမ်တွေလည်း အောင်မြင်စွာထွက်ရှိထားတဲ့အပြင် ဆုတွေလည်း များစွာရရှိပိုင်ဆိုင်ထားပါသေးတယ်။

မောင်ချိုလေးကတော့ အခုလို ကိုဗစ်ကြောင့် အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ အခက်အခဲတွေရှိနေတဲ့အချိန်မှာတောင် ပရိသတ်တွေအတွက် အစွမ်းကုန်ကြိုးစားပြီး သီချင်းတွေထွက်ရှိထားခဲ့ပါတယ်။ ဒီနေ့မှာလည်း မောင်ချိုလေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Mini album ထွက်မယ်ဆိုဘယ်လိုသဘောရလဲ ?”ဆိုပြီး Mini Album လေးထွက်ရှိလာရင် ပရိသတ်တွေအားပေးမှာလားလို့ မေးခွန်းထုတ်လာခဲ့ပါတယ်။မောင်ချိုလေးရဲ့ ပရိသတ်တွေအတွက်တော့ ဒီမေးခွန်းလေးက တကယ်ကိုပဲ သတင်းကောင်းလေးတစ်ခုဖြစ်နေမှာပါ။

မောင်ချိုရဲ့ ပရိသတ်တွေကလည်း မောင်ချို့ရဲ့ မေးခွန်းကို အပြည့်အဝထောက်ခံပြီး Mini Album လေး ထုတ်ပေးဖို့ တောင်းဆိုနေခဲ့ကြပါသေးတယ်။ချစ်ရတဲ့ ပရိသတ်ကြီးတွေထဲက မောင်ချိုလေးရဲ့ ပရိသတ်တွေရော မောင်ချိုလေးရဲ့ Mini Album လေးထွက်မယ်ဆို ဘယ်လိုသဘောရလဲဆိုတဲ့ မေးခွန်းလေးကို ဖြေပေးခဲ့ကြပါဦး။

Credit – CeleGabar
Source – ChanMyae MgCho