ေပ်ာ္ရႊင္ေအာင္ျမင္တဲ့မိသားစုဘဝေလးဟာ ခ်စ္ရတဲ့ရတနာေလးေတြနဲ႔ ၾကည္ႏူးမဆုံးရွိေနတဲ့ ေဖေဖနိုင္းနိုင္းဟာ သားသမီး ေလးေယာက္လုံးကိုသိပ္ခ်စ္ၿပီး အတူတူရွိေနတဲ့အခ်ိန္တိုင္း အျမဲတမ္းဂ႐ုတစိုက္ရွိေပးခဲ့ပါတယ္။ အနားမွာမရွိနိုင္ရင္လည္း ကေလးေတြအတြက္ေရာ ဇနီးအတြက္ပါ အခ်ိန္ကိုသပ္သပ္ဖယ္ထားၿပီး တကူးတကအခ်ိန္ေပးခဲ့တဲ့ ဖခင္ေကာင္း ခင္ပြန္းေကာင္းတစ္ေယာက္ပါ။

ဒီေန႔ဟာလည္း ခ်စ္ရတဲ့သမီးအေထြးဆုံးေလးရဲ့ေမြးေန႔ျဖစ္ၿပီး သမီးေလးရဲ့ေမြးေန႔အတြက္ သီလရွင္ဆရာေလးေက်ာင္းမွာ လိုအပ္တာေလးေတြသြားေရာက္လႉဒါန္းခဲ့ပါတယ္။ ဖခင္တစ္ေယာက္လိုဂ႐ုစိုက္ၿပီး သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔လည္း ကေလးေတြကို စိတ္ေပ်ာ္ရႊင္ေအာင္ဖန္တီးၿပီး အတူတူကစားေပးတတ္ပါေသးတယ္။

ခ်စ္သမီးေလးရဲ့ေမြးေန႔အတြက္ ” Happy Birthday Emereece..ရဲေဘာ္ ၄ရဲ့ ေမြးေန႔အမွတ္တရ၊ ” ဆိုၿပီး ဆုေတာင္းစကားေျပာခဲ့ပါ ေသးတယ္။ Happy Birthday ပါ သမီးေလးေရ။ ေရွ႕ဆက္ရမယ့္ေန႔ရက္တိုင္းမွာ ေပ်ာ္ရႊင္ၿပီး မိဘေတြကို ထူးခၽြန္ထက္ျမက္တဲ့ ကေလးေလးတစ္ေယာက္ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ပရိတ္သတ္ေတြလဲ သာယာေသာ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစ။

Credit – Cele Zone
Photo – Actor 99 / Sandy Cho

ပျော်ရွှင်အောင်မြင်တဲ့မိသားစုဘဝလေးဟာ ချစ်ရတဲ့ရတနာလေးတွေနဲ့ ကြည်နူးမဆုံးရှိနေတဲ့ ဖေဖေနိုင်းနိုင်းဟာ သားသမီး လေးယောက်လုံးကိုသိပ်ချစ်ပြီး အတူတူရှိနေတဲ့အချိန်တိုင်း အမြဲတမ်းဂရုတစိုက်ရှိပေးခဲ့ပါတယ်။ အနားမှာမရှိနိုင်ရင်လည်း ကလေးတွေအတွက်ရော ဇနီးအတွက်ပါ အချိန်ကိုသပ်သပ်ဖယ်ထားပြီး တကူးတကအချိန်ပေးခဲ့တဲ့ ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက်ပါ။

ဒီနေ့ဟာလည်း ချစ်ရတဲ့သမီးအထွေးဆုံးလေးရဲ့မွေးနေ့ဖြစ်ပြီး သမီးလေးရဲ့မွေးနေ့အတွက် သီလရှင်ဆရာလေးကျောင်းမှာ လိုအပ်တာလေးတွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဖခင်တစ်ယောက်လိုဂရုစိုက်ပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း ကလေးတွေကို စိတ်ပျော်ရွှင်အောင်ဖန်တီးပြီး အတူတူကစားပေးတတ်ပါသေးတယ်။

ချစ်သမီးလေးရဲ့မွေးနေ့အတွက် ” Happy Birthday Emereece..ရဲဘော် ၄ရဲ့ မွေးနေ့အမှတ်တရ၊ ” ဆိုပြီး ဆုတောင်းစကားပြောခဲ့ပါ သေးတယ်။ Happy Birthday ပါ သမီးလေးရေ။ ရှေ့ဆက်ရမယ့်နေ့ရက်တိုင်းမှာ ပျော်ရွှင်ပြီး မိဘတွေကို ထူးချွန်ထက်မြက်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ပရိတ်သတ်တွေလဲ သာယာသော နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ။

Credit – Cele Zone
Photo – Actor 99 / Sandy Cho