နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေ ယာက္ျဖစ္တဲ့ R ဇာနည္ကေတာ့ အသံပါဝါအာ းေကာင္းေကာင္းနဲ့ သီခ်င္းေအးေအးေလးေတြကို သီဆိုတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ R ဇာနည္ရဲ့ သီခ်င္းေတြကေတာ့ ဘယ္အခ်ိန္မွ ရိုးသြားျခင္းမရိွပဲ ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြရဲ့ နွလံုးသားထဲမွာ စြဲျမဲေစတာမို့ ဂီတေလာကရဲ့ ေမွးမွိန္သြားျခင္းမရိွတဲ့ အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ R ဇာနည္ကေတာ့ အိမ္ေထာင္ရွင္ ကေလးအေဖတစ္ေယာက္ျဖစ္ေနျပီဆိုေပမယ့္ ပရိသတ္ေတြအတြက္လည္း အနုပညာအလုပ္ေတြ လစ္ဟင္းသြားျခင္း မရိွေအာင္ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၁၂) ရက္ေန့မွာေတာ့ R ဇာနည္ရဲ့ သမီးအငယ္ဆံုးေလး မစ္မစ္တုန္က (၇) လျပည့္ခဲ့ျပီပဲ ျဖစ္ပါတယ္။ R ဇာနည္က သမီးေလးရဲ့ ေမြးေန့မွာ အလွဴေလးတစ္ခုျပဳလုပ္ခဲ့သလို မိသားစုေတြနဲ့လည္း ေလွ်ာက္လည္ ခဲ့ေၾကာင္းကို “စေနေန႔ ဘုန္ႀကီးေက်ာင္းသြား မစ္မစ္ေလး ခုႏွစ္လျပည့္ အလႉေလးျပဳလုပ္ၿပီး ကေလးေတြကို ေလွာ္ကား လိုက္ပို႔ျဖစ္တဲ့ အမွတ္တရ 🖤❤️” ဆိုျပီး သူတို့ မိသားစုရဲ့ ၾကည္နူးစရာ အမွတ္တရေတြကို ခ်ျပလာခဲ့ပါတယ္။

R ဇာနည္ကေတာ့ အလုပ္ေတြအားတဲ့ အခ်ိန္ေလး သားသမီးေတြကို အခ်ိန္ေပး ေလွ်ာက္လည္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း R ဇာနည္တို့ မိသားစုေလးကိုၾကည့္ျပီး အားက်စိတ္ေတြ ျဖစ္ေပၚလာမွာ အေသအခ်ာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zarni Myo Nyut’s fb
Credit – Cele Connections

နိုင်ငံကျော် အဆိုတော်တစ်ေ ယာက်ဖြစ်တဲ့ R ဇာနည်ကတော့ အသံပါဝါအာ းကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ R ဇာနည်ရဲ့ သီချင်းတွေကတော့ ဘယ်အချိန်မှ ရိုးသွားခြင်းမရှိပဲ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ စွဲမြဲစေတာမို့ ဂီတလောကရဲ့ မှေးမှိန်သွားခြင်းမရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ R ဇာနည်ကတော့ အိမ်ထောင်ရှင် ကလေးအဖေတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေ လစ်ဟင်းသွားခြင်း မရှိအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာတော့ R ဇာနည်ရဲ့ သမီးအငယ်ဆုံးလေး မစ်မစ်တုန်က (၇) လပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ R ဇာနည်က သမီးလေးရဲ့ မွေးနေ့မှာ အလှူလေးတစ်ခုပြုလုပ်ခဲ့သလို မိသားစုတွေနဲ့လည်း လျှောက်လည် ခဲ့ကြောင်းကို “စနေနေ့ ဘုန်ကြီးကျောင်းသွား မစ်မစ်လေး ခုနှစ်လပြည့် အလှူလေးပြုလုပ်ပြီး ကလေးတွေကို လှော်ကား လိုက်ပို့ဖြစ်တဲ့ အမှတ်တရ 🖤❤️” ဆိုပြီး သူတို့ မိသားစုရဲ့ ကြည်နူးစရာ အမှတ်တရတွေကို ချပြလာခဲ့ပါတယ်။

R ဇာနည်ကတော့ အလုပ်တွေအားတဲ့ အချိန်လေး သားသမီးတွေကို အချိန်ပေး လျှောက်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း R ဇာနည်တို့ မိသားစုလေးကိုကြည့်ပြီး အားကျစိတ်တွေ ဖြစ်ပေါ်လာမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zarni Myo Nyut’s fb
Credit – Cele Connections