



ပရဟိတမင်းသမီးချော သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ကနေပြီး အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာရတဲ့ ကလေးတွေကို ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အကြောင်း အမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာခဲ့ရတဲ့ ကလေးတွေ အများကြီးကို ခေါ်ယူမွေးစားစောင့်ရှောက်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ဒီကနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့မှာလည်း (၁၉)နှစ်အရွယ် မိခင်ကနေ မလိုချင်လို့ ဖျက်ချပေမယ့် မွေးဖွားလာခဲ့တဲ့ (၁၃) ရက်သား ကလေးလေးကို ခေါ်ယူမွေးစားခဲ့တယ်ဆိုပြီး အခုလိုပဲပြောပြလာပါတယ်။

“ကျွန်မတို့ “ခိုင်” မိသားစု ဂေဟာရဲ့ အယောက် (၄၀) မြောက် (၁၃)ရက်သား လေးပါရှင်။ သားလေးက အောက်မေးရို းမပါပါဘူးတဲ့…။ အမေက (၁၉)နှစ် ဖြစ်ပြီး သမီးရီးစားချင်းလွန်ကြူးမိလို့ ကိုယ်ဝန်ရသွားရင်း မလိုချင်လို့ ဖြတ်ချပေမဲ့ မွေးဖွားလာရတဲ့ သားငယ်လေးပါ။ အမေက မွေးမွေးပြီးချင်းပဲ ထွက်ပြေးသွားတဲ့ အတွက် ခိုကိုးရာမဲ့ စောင့်ရှောက်မဲ့ သူမရှိတော့လို့ ကျမတို့ “ခိုင်” မိသားစုဂေဟာသို့ ခေါ်ဆောင်မွေးစားလိုက်ပါတယ်ရှင်။ သားငယ်လေး သက်တမ်းစေ့ နေနိုင်ပြီး ခွဲစိတ်မှုများအတွက် ကျွန်မ ရုန်းကန်ကြိုးစားပေးပါမယ်ရှင်။ မိန်းကလေးတွေ အားလုံး ဆင်ခြင်နိုင်ပြီး တာဝန်ယူသော ယောကျာင်္းကောင်းများပဲ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း…..🙏🙏🙏” ဆိုပြီး ပြောပြလာပါတယ်။

ခိုင်နှင်းဝေကတော့ သမီးရည်းစားချင်းလွန်ကြူးပြီး တာဝန်မယူချင်တဲ့ဖခင်နဲ့ စွန့်ပစ်သွားတဲ့မိခင်တို့ကြောင့် ကြားထဲကနေ ကံဆိုးရရှာတဲ့ သားလေးကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ခေါ်ယူမွေးစားခဲ့ပြီ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင် းပေးလိုက်ပါတယ်နော်….။

Source: Khine Hnin Wai’s fb
Credit– Cele Connections