မင်္ဂလာပါ ပရိသတ်ကြီးရေ….. ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အေးသီတာကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင် ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ကူးပြီးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိထားသူတစ်ဦးလဲဖြစ်ပါတယ်နော်..။

အခုလိုကာလမှာ အနုပညာလုပ်ငန်းတွေကို ရပ်ဆိုင်းထားရတဲ့အခါ ငွေရေးကြေးရေးတွေလည်း အခက်အခဲဖြစ်နေကြပါတယ်။အေးသီတာကလည်း သူမကိုငယ်စဉ်ကတည်းက သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်ဇနီးမောင်နံကို လစဉ်ထောက်ပံ့ကြေးပေးနေရတဲ့အတွက် လက်ရှိအချိန်မှာ ခက်ခဲနေတဲ့အကြောင်းကိုလည်း ယခုလိုပြောပြထားပါတယ်နော်။

အေးသီတာက”ကျွန်မမှာလတိုင်းထောက်ပံ့ပေးနေရတဲ့ အဒေါ် ဇနီးမောင်နံ ရှိတယ် သားသမီးမရှိဘူးငယ်ငယ်ထဲက ကိုယ့်ကိုသမီးအရင်းလို စောင့်ရှောက်ပေးတယ် ခု ကိုဗစ်ကာလထိ ထောက်ပံ့ဖို့ အဆင်ပြေတယ် ဒီဘက်လတွေကျတော့ ဘာဝင်ငွေမှမရှိတော့တော်တော်ခက်ခဲတယ် အမှန်အတိုင်းပြောရရင် လကုန်မှာ ကြောက်လာတယ် ဒါပေမယ့် သူတို့မှာ အားကိုးရာမရှိ သူတို့ကံပါပဲ သူတို့အတွက် ပိုက်ဆံလေးရလာတော့ ချက်ချင်းလွှဲပေးလိုက်တော့ အေးပါ သမီးလေး အဆင်မပြေလည်း မပေးပါနဲ့တဲ့ဒေါ်ကြီးအဆင်ပြေသလိုရှိတာနဲ့ စားပါ့မယ်တဲ့ ဒေါ်ကြီးရယ်လို့ဆို​ပြီး ကိုယ်ဘာမှဆက်မပြောနိုင်😔😔😔😔.. “ဆိုပြီးစိတ်မကောင်းဖြစ်ရတဲ့အကြောင်းကိုပြောပြထားတာကိုတွေ့ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Aye Thida’s Fb
Credit:(Pay Phu Hlwar)

မဂၤလာပါ ပရိသတ္ႀကီးေရ….. ဇာတ္ပို႔သ႐ုပ္ေဆာင္ျဖစ္တဲ့ ေအးသီတာကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ရရွိပိုင္ဆိုင္ ထားတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။႐ုပ္ရွင္နဲ႔ဗီဒီယိုဇာတ္ကားေပါင္း မ်ားစြာကို ရိုက္ကူးၿပီးပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို မ်ားစြာရရွိထားသူတစ္ဦးလဲျဖစ္ပါတယ္ေနာ္..။

အခုလိုကာလမွာ အႏုပညာလုပ္ငန္းေတြကို ရပ္ဆိုင္းထားရတဲ့အခါ ေငြေရးေၾကးေရးေတြလည္း အခက္အခဲျဖစ္ေနၾကပါတယ္။ေအးသီတာကလည္း သူမကိုငယ္စဥ္ကတည္းက သမီးအရင္းလိုေစာင့္ေရွာက္ေပးခဲ့တဲ့ အေဒၚဇနီးေမာင္နံကို လစဥ္ေထာက္ပံ့ေၾကးေပးေနရတဲ့အတြက္ လက္ရွိအခ်ိန္မွာ ခက္ခဲေနတဲ့အေၾကာင္းကိုလည္း ယခုလိုေျပာျပထားပါတယ္ေနာ္။

ေအးသီတာက”ကၽြန္မမွာလတိုင္းေထာက္ပံ့ေပးေနရတဲ့ အေဒၚ ဇနီးေမာင္နံ ရွိတယ္ သားသမီးမရွိဘူးငယ္ငယ္ထဲက ကိုယ့္ကိုသမီးအရင္းလို ေစာင့္ေရွာက္ေပးတယ္ ခု ကိုဗစ္ကာလထိ ေထာက္ပံ့ဖို႔ အဆင္ေျပတယ္ ဒီဘက္လေတြက်ေတာ့ ဘာဝင္ေငြမွမရွိေတာ့ေတာ္ေတာ္ခက္ခဲတယ္ အမွန္အတိုင္းေျပာရရင္ လကုန္မွာ ေၾကာက္လာတယ္ ဒါေပမယ့္ သူတို႔မွာ အားကိုးရာမရွိ သူတို႔ကံပါပဲ သူတို႔အတြက္ ပိုက္ဆံေလးရလာေတာ့ ခ်က္ခ်င္းလႊဲေပးလိုက္ေတာ့ ေအးပါ သမီးေလး အဆင္မေျပလည္း မေပးပါနဲ႔တဲ့ေဒၚႀကီးအဆင္ေျပသလိုရွိတာနဲ႔ စားပါ့မယ္တဲ့ ေဒၚႀကီးရယ္လို႔ဆို​ၿပီး ကိုယ္ဘာမွဆက္မေျပာနိုင္😔😔😔😔.. “ဆိုၿပီးစိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္းကိုေျပာျပထားတာကိုေတြ႕ရပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးအားလုံးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Aye Thida’s Fb
Credit:(Pay Phu Hlwar)