ပရိသတ်ကြီးရေ ဝရမ်းပြေးပုဒ်မတွေ ထုတ်ခံထားရသူများထဲတွင် အဆိုတော် ချမ်းချမ်းလည်း ပါဝင်ခဲ့ပါတယ်နော်။ စစ်ကောင်စီက အနုပညာရှင်(၂၄) ဦးကို ပုဒ်မ ၅၀၅ တွေ ဖြုတ်ပေးခဲ့သော်လည်း ချမ်းချမ်းတော့ မပါသေးပါဘူးနော်။ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါတွေကြောင့် ချမ်းချမ် းဟာ မြန်မာနိုင်ငံကို ပြန်လို့မရသေးဘဲ အီတလီနိုင်ငံမှာပဲ နေထိုင်နေရ တာပါနော်။
သူတို့နိုင်ငံမှာလည်း ကိုဗစ်ပိုးတွေ ကူးစက်နေတာကြောင့် lockdown ချခံထားရပြီး အိမ်ထဲမှာဘဲ အချိန်ဖြုန်းနေရတာပါနော်။ ချမ်းချမ်းနဲ့ သူမရဲ့ ခင်ပွန်းကလည်း သမီးလေးကို အချိန်ပြည့် ပြုစုစောင့်ရှောက်ပေးနေကြတာပါနော်။အညောင်းပြေအညာပြေ ခြံထဲမှာ လမ်းဆင်းလျှောက်လေ့ ရှိပါ တယ်နော်။
ချမ်းချမ်းကလည်း နောက်ဖေးစိုက်ပျိုးခြံထဲသမီးလေးနဲ့ လမ်းလျှောက်ရင်းခင်ပွန်းရိုက်ပေးထားတဲ့ဗီဒီယိုကိုပရိသတ်တွေ ကြည့်ဖို့မျှဝေပေးထားပါတယ်နော်။ ” အီတလီမှာည ၈နာရီခွဲ ။နေရောင်လေးရှိတုန်းပဲည ၁ဝနာရီအထိနေရောင်ရသေးတယ်😌😌သမီးလေးနဲ့ အိမ်နောက်ဖေး စိုက်ခင်းလေး ထဲ အ မောပြေ❤️❤️❤️❤️” လို့လည်း ရေးထား ပါတယ်နော်။
Credit
Credit