Credit ; Swelsone News
သရုပ်ဆောင်နဲ့အဆိုတော် စိုင်းလွှမ်းကတော့ ဗီဒီယိုဇာတ်ကားတွေေ တာ်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို သီချင်းတွေများစွာကိုလည်း ထွက်ရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းလွှမ်းကတော့ အိမ်ထောင်နဲ့ကွာရှင်းထားတဲ့ တစ်ခုလပ်တစ်ယောက်ပီပီ သမီးလေး စစ်လွန်းဝတီထက်ကို အဖေလိုတစ်မျိုး၊ အမေလိုတစ်ဖုံ ပြုစုစောင့်ရှောက်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ စိုင်းလွှမ်းက သမီးလေး စစ်လွန်းဝတီထက်ရဲ့ ကျောင်းစားရိတ်တောင်မပေးနိုင်ဘူးဆိုပြီး ဝေဖန်သူတွေကို အချက်ကျကျဖြေရှင်းလာတာကို တွေ့ရပါတယ်။
စိုင်းလွှမ်းက “လေးနက်စွာဖတ်စေချင်ပါတယ်။ မိစ္ဆာဝါယမ သိပ်ပြင်းထန်လွန်းရင် ကံကောင်းသူလည်း ခံရတတ်တယ် (သီတဂူဆရာတော်) မြတ်စွာဘုရားရှင်တောင် ၄ကြိမ်လုပ်ကြံခံရတော့ တစ်ကြိမ် ခြေမပုတ်သေးတာ ကျွန်တော်က ဘာမို့လို့လဲ နားလည်ပါတယ်။ LOW PROFILE နဲ့ နေတိုင်း ထင်ချင်ရာထင်နေတဲ့သူတွေရယ် နောက်တခါ ထပ်ပြီးစိတ်အနှောက်ယှက် ဖြစ်မခံရဖို့ကိုရည်ရွယ်ပါတယ်။ ဘယ်သူ့ကိုမှနစ်နာစေလိုတဲ့စိတ်မရှိလို့လည်းပြောရတာပါ။ HCIS(online Class)ကို အိမ်ကနေစာသင်နေရတာ တက်ကြွကြည်နူးနေတဲ့ သမီးကိုကြည့်ပြီး နောက်တစ်ကြိမ်ဘာအတွက်ကြောင့်မှ စိတ်မဆင်းရဲစေချင်တော့လို့ ။ အစကတော့ဒါကတော့လိုက်ရှင်းပြနေစရာမှမလိုတာပဲ ဆိုပြီးနေခဲ့ပေမဲ့ စိတ်အနှောက်ယှက်တော့ ဖြစ်ခဲ့ရသေးတာပါပဲ။”
“အဲ့ဒါကြောင့် အခုတစ်ခါတည်း သမီးကျောင်းစတက်ကတည်း အချိန်ကနေခုချိန်ထိကျနော်လက်မှတ်နဲ့ ငွေသွင်းထားတဲ့ လက်ခံဘောက်ချာတွေပေါင်းပြီးပြောလိုက်တာပါ။ ခုလိုတင်တာကတကယ်လို့များ စာရွက်လေးတွေမတော်တဆပျောက်ပျက်သွားခဲ့ရင်တောင် အမှတ်တရတစ်ခုဖြစ် သိမ်းထားတဲ့သဘောလည်း ပါတာပေါ့။ စိတ်ထဲမှာ သမီးလေးအဖေက ကျောင်းစားရိတ်တောင် ဆိုပြီး အတိအကျမသိ အမြင်မရှင်းပဲပြောနေကြတဲ့သူတွေ တချို့ကိုလည်းဒါလောက်ဆိုကျေနပ်ကြပါတော့။ တကယ်တော့ကျွန်တော်အရွယ်ထက်ပိုတဲ့အလုပ်တွေနဲ့ စိတ်ရောလူရော အရမ်းပင်ပန်းနေရလို့ပါ။ ကျွန်တော်တစ်ယောက်တည်းအတွက်ဆို ဘယ်အရာမှဂရုမစိုက်တတ်ပေမဲ့ ကျွန်တော်သမီးနဲ့ ကျွန်တော်တို့မိသားစုအတွက် ကျနော့်ကိုပြောချင်ရာပြောနေကြတာ ငြိမ်နေလို့ လည်းမဖြစ်လို့ ကျွန်တော် ပတ်ဝန်းကျင်နဲ့ အလှမ်းဝေးပြီးအမှန်တရားကို မသိသေးတဲ့သူတွေအတွက်ပါ။ အားလုံးကိုလည်းအမြဲမေတ္တာပို့လျှက်ပါ။ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပြောလာတာပဲ ဖြစ်ပါတယ။်
စိုင်းလွှမ်းကတော့ သမီးလေး စစ်လွန်းဝတီထက်နဲ့ ပက်သတ်လာရင် အစစအရာရာ တာဝန်ယူထားသူတစ်ယောက်ဖြစ်ပြီး ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit ; Swelsone News