ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေး အေသင်ချိုဆွေက သီချင်းဆိုတော်ပြီး ပရိသတ်တွေ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိသူပါ။ အေသင်ချိုဆွေက သီချင်းဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်ကောင်းသူလဲဖြစ်ပြီး သူမပါဝင်ရိုက်ကူးထားတဲ့ ဗီဒီယို ဇာတ်ကားတွေကလည်း ပရိသတ်တွေကြား အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အေသင်ချိုဆွေက အဆိုတော်တစ်ယောက်အဖြစ်သာ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီး ပရိသတ်တွေအတွက် သီချင်းသစ်လေးတွေပဲ တင်ဆက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ သမီးလေးကြောင့်လည်း ပရိသတ်တွေကြားမှာ မျက်နှာပန်းပွင့်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အေသင်ချိုဆွေက သူမရဲ့သမီးလေးနဲ့အတူတူ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာလေးတွေနဲ့ ဓာတ်ပုံရိုက်ပြီး “ချစ်လား???? ‘ဝ’ တယ်လို့မပြောကြေး 🥰🥰” ဆိုပြီး ချစ်စဖွယ် ပြောထားပါတယ်။
သမီးလေး Ivy ကလည်း တစ်နေ့တစ်ခြား မေမေအေသင်ချိုဆွေနဲ့ တစ်ထေရာတည်းတူလာပြီး အရမ်းချစ်စရာကောင်းတာပနြော်။ ပရိသတ်ကြီးလည်း အေသင်ချိုဆွေတို့ သားအမိနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရလေးတွေကိုကြည့်ရလို့ ကြည်နူးနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Athen Cho Swe’s fb
Credit – Cele Connections